ကနီမြို့၏ အနောက်တောင်ဘက် ၁၇ မိုင်ခန့်အကွာတွင် ရစ်(ခ်)တာစကေး (၄ ဒသမ ၅)အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ရှား



ဩဂုတ် ၂၂
၂၀၂၁ ခုနှစ်၊ သြဂုတ်လ (၂၂)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၈)နာရီ၊ (၅၂)မိနစ်၊ (၀၄)စက္ကန့် အချိန်တွင် ညောင်ဦးမြေငလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက် (၇၄)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ကနီမြို့၏ အနောက်တောင်ဘက် (၁၇)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၂ ဒသမ ၂၅)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄ ဒသမ ၆၈) ဒီဂရီ၊ အနက် (၁၀၅)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄ ဒသမ ၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

No comments

Powered by Blogger.