ပေါက်ခေါင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကင်းစင်၍ ဆေးရုံဆင်းခွင့်ရသူ ၇၂၃ ဦး ရှိလာ
ပေါက်ခေါင်းသြဂုတ်၁၅
ပဲခူးတိုင်းဒေသကြီး၊
ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ
ပျောက်ကင်း၍ ဆေးရုံမှ
ဆင်းခွင့်ရသူ ၇၂၃ ဦးရှိလာကြောင်း မြို့နယ်ကိုဗစ် -၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေးကော်မတီက
ယမန်နေ့တွင်
ပြောကြားသည်။
ပေါက်ခေါင်းမြို့နယ်တွင်
ဇူလိုင်လ ၂ ရက်နေ့မှ သြဂုတ် ၁၄ ရက်နေ့အထိ ကိုဗစ်- ၁၉ ရောဂါ
ပိုးတွေ့
အတည်ပြုလူနာပေါင်း ၉၄၄ ဦးရှိပြီး ကိုဗစ်- ၁၉ ရောဂါဖြင့်
သေဆုံးသူပေါင်း ၂၂ ဦးရှိကာ ရောဂါ ပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ရသူ ၇၂၃ ဦးရှိပြီးဖြစ်ကြောင်းနှင့်
ကိုဗစ်-
၁၉ ရောဂါ
ပိုးတွေ့
အတည်ပြုလူနာများအား
သက်ဆိုင်ရာ
ကုသရေးဌာနများနှင့်
ယာယီကုသရေး
စင်တာများတွင်
ဆေးဝါးကုသမှုများ
ဆောင်ရွက်ပေးလျက်ရှိကာ
ပိုးတွေ့အတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူအတူ နေ မိသားစုဝင်များအား
အသွားအလာကန့်သတ်၍ Quarantine
စင်တာများတွင် ထားရှိပြီး
စောင့်ကြပ်ကြည့်ရှုခြင်းများဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ပေါက်ခေါင်းမြို့နယ်အတွင်း
ကိုဗစ်-
၁၉ ရောဂါ
ကူးစက်ပျံ့နှံ့မှုလျော့နည်းလာစေရန်အတွက် ကြိုတင် ကာကွယ်ရေးလုပ်ငန်းများနှင့်
အရေးပေါ်တုန့်ပြန်ရေးလုပ်ငန်းများအား မြို့နယ်ကိုဗစ်- ၁၉ ရောဂါ
ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်ကာ မြို့နယ်အဆင့်
ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊
မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များက
ပူးပေါင်း၍ ကြိုတင်
ကာကွယ်ရေး လုပ်ငန်းများကို
အရှိန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်အတွင်းရှိ
ပြည်သူများအနေဖြင့် ကိုဗစ်- ၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု လျော့နည်း ကျဆင်းရေးအတွက်
မိမိတို့နေအိမ်များတွင်သာ နေထိုင်ကြရန်နှင့် မဖြစ်မနေ နေအိမ်ပြင်ပ
ထွက်ခွာ
သွားလာရပါက
တစ်ဦးထက်မပိုဘဲ ပါးစပ်နှာခေါင်းစည်း Mask တပ်ဆင်ပြီးမှ သွားလာကြရန်၊ မိမိ ကိုယ်တိုင်သော်လည်းကောင်း၊
မိမိပတ်ဝန်းကျင်တို့တွင် ဖျားနာသူများရှိပါက သက်ဆိုင်ရာ ကျန်းမာရေးဌာနများသို့
ဆက်သွယ်ပြသ
ကုသရေးတို့အား
ပူးပေါင်းဆောင်ရွက်သွားကြရန် သက်ဆိုင်ရာမှတိုက်တွန်းနှိုးဆော်ထားရှိကြောင်းသိရသည်။
ဥမ္မာကျော်


No comments