ပြည်မြို့၌ စက်ရုံ၊ အလုပ်ရုံလုပ်သားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ
ပြည် သြဂုတ် ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းကို ယနေ့နံနက်ပိုင်းမှ စတင်၍ ပြည်မြို့ အမှတ်(၁)အခြခံပညာအထက်တန်းကျောင်း၌ စက်ရုံ၊ အလုပ်ရုံ လုပ်သား၊ စုစုပေါင်းလူဦးရေ (၂၁၈)ဉီးတို့အား (၂)ကြိမ်ခွဲ၍ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့်အတူ ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့က ကာကွယ်ဆေး ထိုးနှံပေးလျှက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
ခရိုင်(ပြန်/ဆက်)
No comments