“အသိပေးကြေညာချက်”
ရက်စွဲ၊ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၈ ရက်
၁။ အများပြည်သူရုံးပိတ်ရက်များအဖြစ်
သတ်မှတ်ကြေညာထားသော ၉-၈-၂၀၂၁ မှ ၁၅-၈-၂၀၂၁ ရက် အထိရုံးပိတ်ရက်များတွင်
နယ်စပ်ကုန်သွယ်ရေးစခန်းများအနေဖြင့်
လုပ်ငန်းတာဝန်များရပ်ဆိုင်းထားမည်
မဟုတ်ဘဲပုံမှန်အတိုင်းပို့ကုန်သွင်းကုန်လုပ်ငန်းများဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး
COVID-19 ကူးစက်ရောဂါ
ကာကွယ်ကုသရေးပစ္စည်းများတင်သွင်းမှုများကိုလည်းသက်ဆိုင်ရာဌာနများနှင့်
ညှိနှိုင်းထားသည့် SOP များနှင့် အညီဦးစားပေးတင်သွင်းခွင့်ပြုပေးသွားမည်ဖြစ်ပါသည်။
၂။ အဆိုပါရက်များတွင်လည်း ကုန်သွယ်ရေးဦးစီးဌာန(ရုံးချုပ်) ပို့ကုန်သွင်းကုန်လုပ်ငန်းဌာနခွဲနှင့် ပို့ကုန်
သွင်းကုန်ရုံး(ရန်ကုန်)တို့မှ
Online စနစ်ဖြင့် ပို့ကုန်၊သွင်းကုန်လိုင်စင်လျှောက်ထားမှုများကို ရုံးချိန်အတွင်း
ပုံမှန်အတိုင်းခွင့်ပြုဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းအသိပေးကြေညာအပ်ပါသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

No comments