ပဲခူးတိုင်းဒေသကြီးအတွင်း အောက်ဆီဂျင် လုံလောက်စွာ ဖြည့်ဆည်းပေးနိုင်ရေး မြို့နယ်အလိုက် Liquid Oxygen Station နှင့် Oxygen Plant များ တပ်ဆင်ပေးလျက်ရှိ
ပဲခူး ဩဂုတ် ၂၈
ပဲခူးတိုင်းဒေသကြီးအတွင်း
ဇွန်လမှစ၍ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ဖြစ်ပွားသည့်အချိန်မှ စတင်ကာ အောက်ဆီဂျင်လိုအပ်မှု
အခက်အခဲများအား အချိန်တိုအတွင်း ဖြေရှင်းဆောင်ရွက် ပေးနိုင်ရန်အတွက် တိုင်းဒေသကြီး
ဝန်ကြီးချုပ်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် Liquid Oxygen Station နှင့် Oxygen Plant များ တပ်ဆင်ပေးလျက်ရှိသည်။
ပဲခူးမြို့
ပြည်သူ့ဆေးရုံကြီးတွင် တစ်ရက်လျှင် အောက်ဆီဂျင် (၄၀) လီတာအိုး (၅၀၀) ထွက်ရှိသည့် Liquid
Oxygen Station (၁) လုံးနှင့် ပြည်ခရိုင်ပြည်သူ့ဆေးရုံတွင်
တစ်ရက်လျှင် အောက်ဆီဂျင် (၄၀) လီတာအိုး (၅၀၀) ထွက်ရှိသည့် Liquid Oxygen
Station (၁) လုံး စုစုပေါင်း Liquid Oxygen Station (၂) လုံး တပ်ဆင်နိုင်ရေး ဆောင်ရွက်လျက်ရှိသည့်အပြင် (Liquid Oxygen)
အောက်ဆီဂျင်အရည် သယ်ယူကား (၁) စီးကိုလည်း ဝယ်ယူထားရှိပြီးဖြစ်သည်။
ပဲခူးတိုင်းဒေသကြီးအတွင်း မြို့နယ် (၂၈) မြို့နယ် ရှိသည့်အနက် မြို့နယ် (၂၀) တွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် Oxygen Plant (၁၃) လုံး၊ စေတနာရှင်ပြည်သူများ၏ ထည့်ဝင်လှူဒါန်းငွေဖြင့် Oxygen Plant (၈) လုံး စုစုပေါင်း Oxygen Plant (၂၁) လုံး ပြည်သူ့ဆေးရုံဝန်း အတွင်း၌ တပ်ဆင်ထားရှိပြီး၊ မြို့နယ် (၁၅) မြို့နယ်တွင် စေတနာရှင် ပြည်သူများမှလည်း ဆေးရုံပြင်ပ၌ Oxygen Plant (၁၉) လုံး ထပ်မံတည်ဆောက်လျက်ရှိသည်။
အလားတူ
ပဲခူးတိုင်းဒေသကြီးအတွင်း ယခင်က (၄၀) လီတာ အောက်ဆီဂျင်အိုး အခွံ (၉၆၄) လုံး
သာရှိပြီး ကိုဗစ်-၁၉ တတိလှိုင်းအတွင်း အောက်ဆီဂျင်အိုး လိုအပ်ချက်အပေါ်
ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့မှ အောက်ဆီဂျင် (၄၀) လီတာအိုးခွံ (၂၇၇၀) လုံးအား
မှာယူ ဖြည့်ဆည်းပေးနိုင်ခဲ့သဖြင့် တိုင်းဒေသကြီးအတွင်း အောက်ဆီဂျင် (၄၀) လီတာအိုးခွံ
စုစုပေါင်း (၃၇၃၄) လုံးဖြင့် လုံလောက်စွာ လည်ပတ်ဆောင်ရွက်လျက်ရှိသည့်အပြင် Flow
Meter (၃၀၃၀) စုံ၊ Oxygen Concentrator (၂၈၃) လုံးနှင့်
Liquid Oxygen (၈၀) တန်တို့အား ဝယ်ယူအသုံးပြုလျက်ရှိကြောင်း
သိရှိရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း
Liquid
Oxygen Station မပါ ထပ်မံတည်ဆောက်လျက်ရှိသည့် Oxygen Plant များအား စက်တင်ဘာလအတွင်း ပြီးစီးရန် လျာထားဆောင်ရွက်လျက်ရှိရာ တစ်ရက်လျှင်
အောက်ဆီဂျင် (၄၀) လီတာအိုး (၅၆၀၀) ကျော် ထုတ်လုပ်အသုံးပြုနိုင်မည်ဖြစ်ကြောင်း
သတင်းရရှိသည်။
တင်စိုး(ပဲခူး)


No comments