Supreme Group of Companies က ကမ္ဘာအေး ဗုဒ္ဓသာသနာ့ သံဃာ့ဆေးရုံသို့ လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုး ၁၅ လုံးနှင့် Flow Meter ၁၅ ခု ပေးအပ်လှူဒါန်း



ရန်ကုန် သြဂုတ် ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးကုန်းမြေရှိ သာသနာရေးဦးစီး ဌာန ဗုဒ္ဓသာသနာ့သံဃာ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးကုသမှုခံယူနေသော ရဟန်း သံဃာတော်များအတွက် Supreme Group of Companies က လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုး ၁၅ လုံးနှင့် Flow Meter ၁၅ ခု ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက် (၁၀)နာရီတွင် ဗုဒ္ဓသာသနာ့သံဃာ့ဆေးရုံ၌ ကျင်းပသည်။

အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကမ္ဘာအေးဗုဒ္ဓသာသနာ့သံဃာ့ဆေးရုံမှ တာဝန်ကျဆရာဝန်များ၊ Supreme Group of Companies မှတာဝန်ခံများ တက်ရောက်ကြပြီး လှူဒါန်းရခြင်းအကြောင်းကို Supreme Group of Companies ၏ကိုယ်စား ဒေါ်ခင်ဆန်းထွေးက ရှင်းလင်းတင်ပြပြီး လီတာ၄၀ ဆံ့ အောက်ဆီဂျင်အိုး ၁၅ လုံးနှင့် Flow Meter ၁၅ ခု ပေးအပ်လှူဒါန်းရာ သာသနာ ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းဝင်းက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားသည်။

ထို့ပြင် ဗုဒ္ဓသာသနာ့သံဃာ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးကုသမှုခံယူနေသော ရဟန်း၊ သံဃာတော်များကို နံနက် နာရီက အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓ သာသနာပြု တက္ကသိုလ် ခေတ္တ ဒုတိယ ပါမောက္ခချုပ် (သင်ကြား) ဒေါက်တာဘဒ္ဒန္တ ဆေကိန္ဒက ကြွရောက် ကြည့်ရှုအားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)







No comments

Powered by Blogger.