မောင်တောမြို့၌ ကုန်တင်ကုန်ချ အလုပ်သမားများအတွက် ဆန်များ ထောက်ပံ့ပေးအပ်
မောင်တော စက်တင်ဘာ ၆
ရခိုင်ပြည်နယ် မောင်တောမြို့၌ ကိုဗစ်-၁၉ ကာလအတွင်း ကုန်တင်ကုန်ချ
အလုပ်သမားများအား ပေါ်ဆန်းမွှေးဆန်များကို စက်တင်ဘာ
၅ ရက်နေ့က မြို့နယ်ကုန်တင်ကုန်ချလုပ်ငန်း ကော်မတီရုံးတွင် ထောက်ပံ့ပေးအပ်သည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ကိုဗစ်-၁၉ ကာလအတွင်း အလုပ်အကိုင်အခွင့်အလမ်းများ
နည်းပါးမှုကြောင့် စားဝတ်နေရေး ပြေလည်စေရန်အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေနှင့်
အလုပ်သမားများ၏ စုဆောင်းရန်ပုံငွေများဖြင့် ထောက်ပံ့သော မောင်တောမြို့နယ် ကုန်တင်ကုန်ချ
ကော်မတီရုံးရှိ အလုပ်သမား ၁၄၅ ဦးအား တစ်ဦးလျှင် ၁၂ ပြည်ဝင် ပေါ်ဆန်းမွှေးဆန် တစ်အိတ်နှုန်းဖြင့်
စုစုပေါင်းဆန် ၁၄၅ အိတ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကံထွန်းအောင်နှင့်
မြို့နယ်ကုန်တင်ကုန်ချကော်မတီရုံး မြို့နယ်တာဝန်ခံ ဦးဇော်ဇော်အောင်တို့က ထောက်ပံ့ပေးအပ်ကြောင်း
သိရသည်။
သက်လွင်စိုး(ပြန်/ဆက်)

No comments