ကမ္ဘာ့နံပါတ်တစ် တင်းနစ်ကစားသမား ဂျိုကိုဗစ် အမေရိကန်အိုးပင်းပြိုင်ပွဲ စတုတ္ထအဆင့် တက်လှမ်း
စက်တင်ဘာ ၆
အမေရိကန်အိုးပင်းတင်းနစ်ပြိုင်ပွဲရဲ့
အမျိုးသားတစ်ဦးချင်း တတိယအဆင့်ပွဲစဉ်အဖြစ် စက်တင်ဘာ ၄ ရက်က ယှဉ်ပြိုင်ပွဲကစားခဲ့ တဲ့
ကမ္ဘာ့နံပါတ်တစ် တင်းနစ်ကစားသမား ဂျိုကိုဗစ်နဲ့ ကမ္ဘာ့နံပါတ် ၅၆ နေရာမှာ ရပ်တည်နေတဲ့
ဂျပန်တင်းနစ်ကစားသမား နီရှီကိုရီတို့ပွဲစဉ်မှာ ဂျိုကိုဗစ်က နီရှီကိုရီကို အနိုင်ရပြီး
အမေရိကန်အိုးပင်း တင်းနစ်ပြိုင်ပွဲရဲ့ စတုတ္ထအဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။
အသက်
၃၄ နှစ်အရွယ်ရှိ ဆားဘီးယားပရော်ဖက်ရှင်နယ် တင်းနစ်ကစားသမား ဂျိုကိုဗစ်ဟာ ဂျပန်တင်းနစ်ကစားသမား
နီရှီကိုရီကို ၆-၇(၄-၇)၊ ၆-၃၊ ၆-၃၊ ၆-၂ နဲ့ အနိုင်ရရှိခဲ့တာကြောင့် ပြိုင်ပွဲ အရပ်ရပ် တွေ့ဆုံမှုတွင် ဂျိုကိုဗစ်အနေနဲ့ နီကိုရီကို ၁၇ ကြိမ်ဆက်တိုက် အနိုင်ရရှိခဲ့တာလည်း
ဖြစ်ပါတယ်။
ဆားဘီးယားတင်းနစ်
ကစားသမား ဂျိုကိုဗစ်ဟာ အမျိုးသားတစ်ဦးချင်း တင်းနစ်ပြိုင်ပွဲတွေမှာ နိုင်ပွဲအသီးသီးရရှိ
ထားတဲ့အပြင် ဂရန်းဆလမ်းဆုဖလားကိုလည်း အကြိမ် ၂၀ အထိရယူဆွတ်ခူးထားနိုင်ခဲ့တာကြောင့်
အခု အမေရိကန်အိုးပင်း
တင်းနစ်ပြိုင်ပွဲမှာ ဗိုလ်စွဲကာ ၂၁ ကြိမ်မြောက်
ဂရန်းဆလမ်းဆုဖလားကို ဆွတ်ခူးနိုင်ဖို့ မျှော်လင့်ထားသူဖြစ်ပါတယ်။
ဆားဘီးယားတင်းနစ်အကျော်အမော်
ဂျိုကိုဗစ်ဟာ ဂျပန်တင်းနစ်ကစားသမားနီရှီကိုရီကို အနိုင်ရရှိခဲ့ပြီးနောက် အမေရိကန်အိုးပင်း တင်းနစ်ပြိုင်ပွဲရဲ့ စတုတ္ထအဆင့်မှာ အမေရိကန်တင်းနစ်ကစားသမား ဂျန်ဆန်ဘရွတ်စ်ဘိုင်နဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။
အသက်
၂၀ အရွယ်ရှိ အမေရိကန်တင်းနစ် ကစားသမား ဂျန်ဆန်ဘရွတ်စ်ဘိုင်ဟာ ၂၀၀၂ ခုနှစ် နောက်ပိုင်း အမေရိကန်အိုးပင်းတင်းနစ်ပြိုင်ပွဲရဲ့
အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ စတုတ္ထအဆင့်ကို တက်လှမ်းခွင့်ရရှိခဲ့တဲ့ အမေရိကန်နိုင်ငံရဲ့
အသက်အငယ်ဆုံးတင်းနစ်ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။
ငွေကြယ်
No comments