မိုးနဲမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ကျေးရွာကွန်ကရစ်လမ်း ၁၀ လမ်း ဆောင်ရွက်ပေးနိုင်ခဲ့
မိုးနဲ စက်တင်ဘာ
၅
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊လင်းခေးခရိုင်၊ မိုးနဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ဆောင်ရွက်သည့် ကျေးရွာ ၁၁ ရွာရှိ ကျေးရွာတွင်းလမ်းများ လမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့်
ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းများ လျာထားဆောင်ရွက်လျက်ရှိရာ
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ဒေသခံပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက်
နောင်လိုင်ကျေးရွာအုပ်စု နောင်ပယ်ကျေးရွာနှင့်လွိုင်အိုင် ကျေးရွာတွင် အရှည်ပေ ၇၀၀
စီနှင့် လင်ဖူးကျေးရွာတွင် အရှည် ပေ ၆၀၀ ၊အကျယ် ၁၂ ပေ၊ ထု ၆ လက်မ ရှိသည့် ကွန်ကရစ်လမ်း
သုံးလမ်းခင်းခြင်းကိုလည်းကောင်း၊ နားခံရွာအုပ်စု နားခံကျေးရွာနှင့် ကာမလန်း ကျေးရွာတို့တွင်
အရှည်ပေ ၆၀၀ ၊အကျယ် ၁၂ ပေ၊ ထု ၆ လက်မရှိ ကွန်ကရစ်လမ်း နှစ်လမ်းခင်းခြင်းကို လည်းကောင်း၊
ကုန်းလွန်းကျေးရွာအုပ်စုရှိ လွိုင်ချိုကျေးရွာနှင့် ဆွန်မွန်းကျေးရွာတို့တွင် အရှည်
ပေ ၇၀၀၊ အကျယ် ၁၂ ၊ ထု ၆ လက်မရှိ ကွန်ကရစ်လမ်း နှစ်လမ်းခင်းခြင်းကိုလည်းကောင်း၊ မိုက်ဟိုင်းကျေးရွာအုပ်စု
တုံကျိုင်းကျေးရွာ၊ နောင်ဟီးကျေးရွာအုပ်စု လွိုင်ဆိုင်းကျေးရွာနှင့် ဟိုဟကျေးရွာအုပ်စု
(နမ့်ဟူး-နားပုံး) ကျေးရွာတို့တွင် အရှည်ပေ ၆၀၀၊ အကျယ် ၁၂၊ ထု ၆ လက်မရှိ ကွန်ကရစ်လမ်း
သုံးလမ်းခင်းခြင်းကို လည်းကောင်း စုစုပေါင်း ကျေးရွာကွန်ကရစ်လမ်း ၁၀ လမ်းကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း
မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)

No comments