မြို့သစ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်
မြို့သစ် နိုဝင်ဘာ ၁
မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများကို ယနေ့ နိုဝင်ဘာ ၁ ရက်မှစတင်၍ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
ကျောင်းဖွင့်လှစ်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအတွင်း ကြိုတင်ပြင်ဆင် ဆောင်ရွက်ရာတွင်လည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ပညာရေးဝန်ထမ်းများက ကျောင်းစာသင်ခန်းမများအတွင်း စုပေါင်းသန့်ရှင်းရေးများကို ဆောင်ရွက်ခြင်း၊ စာသင်ခုံများ စနစ်တကျစီခြင်း၊ လက်ဆေးဘေစင်များ စနစ်တကျ ပြုလုပ်ပေးထားကြောင်း သိရသည်။
ထို့အပြင် မြို့သစ်မြို့နယ်အတွင်း အခြေခံပညာကျောင်းများ ဖွင့်လှစ်ရာတွင် အဆင်သင့်ဖြစ်စေရန်အတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများကိုလည်း မြေစိုက်နံရံကပ်ဘုတ်တွင် ကျောင်းသားမိဘများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့်ပတ်သက်၍ အသိပညာပေး နှိုးဆော်မှုများနှင့် ဆရာ၊ ဆရာမများ ကြိုတင်ဆောင်ရွက်ရမည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ပတ်သက်၍ အသိပညာပေးနှိုးဆော်မှုများကို အသိပညာပေးအနေဖြင့် ပြသဆောင်ရွက်ထားရှိကြောင်း သိရသည်။
သန်းဝင်းထွန်း(ပြန်/ဆက်)
No comments