သာကေတမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ရာ၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိ




သာကေတ နိုဝင်ဘာ ၁


၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများအား ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ခေတ္တပိတ်ထားခဲ့ရာမှ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု အတိုင်းအတာတစ်ခုထိ ကျဆင်းခဲ့သည့်အတွက် နိုဝင်ဘာ ၁ ရက်၌ အခြေခံပညာ ကျောင်းများပြန်လည်ဖွင့်လှစ်ခဲ့ရာ သာကတမြို့နယ်ရှိ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိသည်။


သာကေတမြို့နယ်၌ အထက်တန်းကျောင်း (၆)ကျောင်း၊ အလယ်တန်းကျောင်း (၆)ကျောင်း၊ အ.လ.ကခွဲ(၁) ကျောင်း၊ အ.မ.က (၄၅)ကျောင်း၊ ပုဂ္ဂလိကကျောင်း (၈)ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၄)ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် တာဝန်ရှိသူများမှ ပူးပေါင်း၍ ကြိုတင်ပြင်ဆင် စီစဉ်ဆောင်ရွက်ထားကာ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းအပ်နှံရန် ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား နိုဝင်ဘာ (၁)ရက်မှ (၁၉)ရက်အထိ ကျောင်းအပ်လက်ခံရန် စီစဉ်ထားရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။


ဆောင်းနှင်းဖြူ (ပြန်/ဆက်) 

No comments

Powered by Blogger.