သုံးခွမြို့နယ်သို့ အခြေခံစားသောက်ကုန်များဖြစ်သည့် ဆိတ်သား၊ အမဲသား၊ ဆန်၊ ဆီ၊ကြက်ဥစသည့် စားသောက် ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် လှည့်လည်ရောင်းချ



သုံးခွ နိုဝင်ဘာ ၇

        

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊သုံးခွမြို့နယ်တွင် မြန်မာနိုင်ငံဆန်၊ စပါးကုန်သည်များ အသင်းနှင့်မြို့နယ် စည်ပင်သာယာအဖွဲ့တို့ပူးပေါင်း၍  ပြည်သူများအား စားဝတ်နေရေးအဆင်ပြေစေရန်နှင့်စားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းချိုသာစွာဝယ်ယူရရှိနိုင်ရေးအတွက် ဆိတ်သား၊အမဲသား၊ ဆန်၊ဆီ၊ကြက်ဥစသည့်စား သောက်ကုန် ပစ္စည်းများကိုဈေး ကားများဖြင့် ယမန်နေ့ နံနက်၈နာရီခွဲက သုံးခွမြို့ မဈေးအနောက်ဘက်ရှင်စောပုလမ်းတွင်ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။


ယင်းသို့ရောင်းချရာတွင်အမဲသား၁ပိဿ လျှင်(၁၂၀၀၀)ကျပ်နှုန်း ပိဿ၂၀အားလည်းကောင်း၊ဆိတ်သား၁ပိဿ (၁၇၀၀၀)ကျပ်နှုန်းဖြင့်၁၅ပိဿအားလည်းကောင်း၊ ဆီငါးဆယ်သားတစ်ဗူးကို(၁၈၅၀)ကျပ်နှုန်းဖြင့်ဗူး၄၀၀အား လည်းကောင်း၊ပေါ်ဆန်းမွှေးဆန်တစ်ပြည်လျှင် (၁၇၀၀)ကျပ်နှုန်းဖြင့်ဆန်(၁၁၈) အိတ်အားလည်းကောင်း ရွှေလျားမော်တော်ယာဉ်ဖြင့် လာရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။



အဆိုပါဈေးရောင်းချရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးသိန်းစိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိဦးခိုင်ကြည်သာလှနှင့်စည်ပင်ဝန်ထမ်းများမှ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


စည်သူလင်း(ပြန်/ဆက်)


No comments

Powered by Blogger.