အိန္ဒိယနိုင်ငံတွင် လူ ၆၅၃ ဦး အိုမီခရွန်ဗိုင်းရပ်စ်သစ် ကူးစက်ဖြစ်ပွား
နယူးဒေလီ ဒီဇင်ဘာ ၂၉
အိန္ဒိယနိုင်ငံတွင် ဒီဇင်ဘာ
၂၈ ရက်က ကိုဗစ်-၁၉ ထပ်မံကူးစက် ဖြစ်ပွားသူ ၆၃၅၈ ဦး ရှိလာသောကြောင့် ကိုဗစ်-၁၉ ကူးစက်
ဖြစ်ပွားသူပေါင်း ၃၄၇၉၉၆၉၁ ဦး အထိရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံး
ထုတ်ပြန်လိုက်သော အချက်အလက်များတွင် ဖော်ပြထားသည်။
ဒီဇင်ဘာ ၂၇ ရက် နံနက်ပိုင်းအထိ
ကိုဗစ်-၁၉ ကြောင့် ထပ်မံသေဆုံးသူ ၂၉၃ ဦးရှိလာမှုနှင့်အတူ စုစုပေါင်း ကိုဗစ်-၁၉ ကြောင့်
သေဆုံးသူ ၄၈၀၂၉၀ အထိ ရှိလာခဲ့သည်။ နိုင်ငံအတွင်း လတ်တလော ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ
၇၅၄၅၆ ဦးအထိ ရှိသည်။
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ
ပျောက်ကင်းသွားပြီး ဆေးရုံမှ ဆင်းလာသူ ၆၄၅၀ အပါအဝင် စုစုပေါင်း ကိုဗစ်-၁၉ ကင်းစင်သွားသူ
၃၄၂၄၃၉၄၅ ဦး ရှိလာပြီဖြစ်သည်။ ထို့အတူ နိုင်ငံအတွင်း အိုမီခရွန် ဗိုင်းရပ်စ်သစ် ကူးစက်ဖြစ်ပွားသူ
၆၅၃ ဦး ရှိလာပြီဖြစ်သည်။ အိုမီခရွန် ဗိုင်းရပ်စ်သစ် ကူးစက်ဖြစ်ပွားမှုမှ ပြန်လည်ကောင်းမွန်လာသူ
၁၈၆ ဦး ရှိလာပြီ ဖြစ်သည်။
ဆင်ဟွာ
No comments