ချောင်းဦးမြို့ အခြေခံပညာအထက်တန်းကျောင်း၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြို အားကစားပြိုင်ပွဲများ ကျင်းပ
ချောင်းဦး ဒီဇင်ဘာ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများကို ဒီဇင်ဘာ ၂၉ ရက် နံနက်ပိုင်းက စတင် ပြုလုပ်ခဲ့သည်။
အားကစားပြိုင်ပွဲတွင် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် ကျောင်းသား ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ကြပြီး လွန်ဆွဲပြိုင်ပွဲ(ကျား+မ)၊ ထုပ်ဆီးတိုးပြိုင်ပွဲ(မ)၊ အပြေးပြိုင်ပွဲ (ကျား+မ)၊ အိတ်စွတ်ပြေးပြိုင်ပွဲ(ကျား+မ) ပြိုင်ပွဲများ ကျင်းပပေးခဲ့ကြောင်း၊ မွန်းလွဲပိုင်းတွင် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲများ ကျင်းပခဲ့ကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်ဝင်ထံမှ သိရသည်။
အားကစားပြိုင်ပွဲများအား ချောင်းဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထူးကျော်နှင့် အဖွဲ့ဝင်များ၊ ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမိုးကျော်အောင်၊ မြို့နယ်ပညာရေးမှူး ဦးစိန်ချွန်တို့ လာရောက်အားပေး ကြည့်ရှုခဲ့ပြီး ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ဆုများ ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဝင်းမြင့်အောင်(ပြန်/ဆက်)
No comments