မောက်မယ်မြို့နယ်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကျင်းပ
မောက်မယ် ဒီဇင်ဘာ ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မောက်မယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဉီးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(CommunityCentre)ခန်းမ၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကို ဒီဇင်ဘာ ၂၉ ရက် ညနေပိုင်းက ကျင်းပသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန မြို့နယ်ဉီးစီးမှူး ဒေါ်နန်းမိုခမ်းက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပန်းချီကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စျေးတန်းရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်းခွဲမှ ကျောင်းသား ကျောင်းသူများ (၁၅)ဦး လာရောက်ယှဉ်ပြိုင်ကြသည်။
ပန်းချီပြိုင်ပွဲတွင် ဆုရရှိသူများအား မြို့နယ်ဉီးစီးမှူး ဒေါ်နန်းမိုခမ်းက ဆုများ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)
No comments