မွန်ဂိုလီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၉၀၀၀၀ ကျော်ရှိလာ

 



ဒီဇင်ဘာ ၂၉


မွန်ဂိုလီးယားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်ရောဂါကူးစက်ခံရသူ ၂၁၈ ဦးထပ်မံတွေ့ရှိခဲ့ပြီး ရောဂါကူးစက်ခံရသူပေါင်း ၃၉၀၀၇၅ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ပြောကြားခဲ့သည်။


ထပ်မံကူးစက်ခံရသူများတွင် နိုင်ငံခြားမှပြန်ရောက်လာသူ ၄၁ ဦး ရှိကြောင်း ထိုဝန်ကြီးဌာနက ဆိုသည်။


အဆိုပါရောဂါကူးစက်ခံရမှုကြောင့်  သေဆုံးသူ ၁၉၈၄ ဦးအထိ မြင့်တက်လာသည်ဟု သိရသည်။


နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ရောဂါဖြစ်ပွားဆဲလူနာ ၄၉၁၃ ဦး ရှိသည်။


ယနေ့အထိ နိုင်ငံလူဦးရေ၏ ၃ ဒသမ ၄ သန်းသည် ကိုဗစ်ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံမှုခံယူပြီးဖြစ်သည်။ ၎င်းတို့အနက် ၉၀၈၁၁၅ ဦးသည် ကိုဗစ်အားဖြည့်ကာကွယ်ဆေးထိုးနှံပြီးဖြစ်သည်။


ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.