အစ္စရေးနိုင်ငံက နိုင်ငံပေါင်း ၅၅ နိုင်ငံအား ခရီးသွားခွင့်ပိတ်ပင်ထားမှု ဖြေလျှော့ပေးမည်
ဂျေရုဆလင် ဒီဇင်ဘာ ၂၉
အစ္စရေးနိုင်ငံသည် နိုင်ငံပေါင်း
၅၅ နိုင်ငံအား ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ခရီးသွားလာခွင့် ပိတ်ပင်ထားမှုများကို ဖြေလျှော့ပေးမည်ဖြစ်ကြောင်း
အစ္စရေးကျန်းမာရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်တစ်ရပ်တွင်
ပြောကြားခဲ့သည်။
အစ္စရေးနိုင်ငံက ခရီးသွားလာခွင့်ဆိုင်ရာ
ပိတ်ပင်ထားသည့် နိုင်ငံများစာရင်းမှ ဖြေလျှော့ပေးမည့်နိုင်ငံများတွင် အာဖရိကနိုင်ငံ
အများစုပါဝင်ပြီး ဂျာမနီ၊ ဒိန်းမတ်၊ အီတလီ၊ ဆွီဒင်၊ အိုင်ယာလန်၊ ဘယ်လ်ဂျီယံ၊ ဖင်လန်နှင့်
နော်ဝေနိုင်ငံများအပါအဝင် ဥရောပနိုင်ငံ အများစု ပါဝင်ကြောင်းလည်း သိရသည်။
သို့ရာတွင် အစ္စရေးနိုင်ငံသည်
မက္ကဆီကို၊ အာရပ် စော်ဘွားများ ပြည်ထောင်စု၊ အမေရိကန်၊ အီသီ ယိုးပီးယား၊ ဗြိတိန်၊ တောင်အာဖရိက၊
တန်ဇန်းနီးယား၊ နိုင်ဂျီးရီးယား၊ စပိန်၊ ပေါ်တူဂီ၊ ပြင်သစ်၊ ကနေဒါ၊ ဆွစ်ဇာလန်နှင့်
တူရကီနိုင်ငံတို့အား ခရီးသွားလာခွင့်ဆိုင်ရာ ပိတ်ပင်ထားမှုများကို ဆက်လက်ထားရှိမည်ဖြစ်ကြောင်း
သိရသည်။
ကိုးကား-ဆင်ဟွာ၊
ဘာသာပြန်-အလင်းသစ်
No comments