ပနားမားနိုင်ငံ၌ အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၇ ဦး ထပ်မံတွေ့ရှိ




ဒီဇင်ဘာ ၂၉


ပနားမားနိုင်ငံတွင် ယမန်နေ့က အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၇ ဦးထပ်မံတွေ့ရှိခဲ့ပြီးနောက် ကူးစက်ဖြစ်ပွားသူပေါင်း ၂၆ ဦးအထိရှိလာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။


ထပ်မံကူးစက်ခံရသူများသည် အသက် ၂၄ နှစ်နှင့် ၆၀ ကြား အရွယ်ရှိ အမျိုးသမီး ၁၁ ဦးနှင့်အမျိုးသား ခြောက်ဦးတို့ဖြစ်ကြောင်း ထိုဌာနကပြောကြားသည်။


အဆိုပါကူးစက်ဖြစ်ပွားသူများကို ပနားမားမြို့ပြဒေသနှင့် ပနားမားပြည်နယ်ရှိ ဆန်မီဂူလ်တိုဒေသတို့တွင် စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။


 အသက် ၅၀ အရွယ်အမျိုးသားတစ်ဦး အိုမီခရွန်ကူးစက်ဖြစ်ပွားမှုကို ဒီဇင်ဘာ ၂၀က ပထမဆုံး တွေ့ရှိခဲ့ခြင်းဖြစ်သည်။


ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.