မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​​ဇော်လင်းထွန်း ရှမ်းစု-ဒလပန်း ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းဖွင့်ပွဲသို့ တက်ရောက်ပြီး ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် သထုံတွင် တွေ့ဆုံ


သထုံ      ဒီဇင်ဘာ     ၃၀

မွန်ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်မှု ​ကောင်းမွန်​စေ​ရေး အထူးအ​လေး​ပေး​ ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ ပြည်နယ်ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျှက် ယနေ့နံနက်ပိုင်းက သထုံမြို့နယ်၊ ရှမ်းစု‌ကျေးရွာနှင့် ဒလပန်းကျေးရွာချင်းဆက် ကွန်ကရစ်လမ်းဖွင့်ပွဲ အအခမ်းအနားသို့တက်ရောက် ဖွင့်လှစ် အားပေးခဲ့သည်။

ရှေးဉီးစွာ ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းအား ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် ပြည်နယ်ဝန်ကြီးများတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်​ပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်​ရေး ကောင်းမွန်​စေ​ရေး၊ ပညာ​ရေး၊ ကျန်းမာ​ရေး၊ ​ရေရရှိ​ရေးနှင့် လျှပ်စစ််မီးရရှိ​ရေး၊ စိုက်ပျိုး​မွေးမြူ ​ရေးကဏ္ဏများဖွံ့ဖြိုးတက်​စေ​ရေး ​ဆောင်ရွက်​ပေးလျက်ရှိသလို လမ်းပန်းဆက်သွယ်မှု ​ကောင်းမွန်​စေ​ရေးသည် အ​ရေးကြီးသည့် အချက်ဖြစ်ပါ​ကြောင်း၊ ထို့အတွက် လမ်းတံတားလုပ် လုပ်ငန်းများကို သက်ဆိုင်ရာဌာန အသီးသီးက အ​ကောင်ထည်​ဖော်​​ ဆောင်ရွက်လျက်ရှိ​ကြောင်း၊ လုပ်ငန်းများ စံချိန်စံညွှန်းမီပြီးစီး​စေ​ရေး အထူးကြပ်မတ်​ဆောင်ရွက်ကြ​စေ​လို​ကြောင်း၊ ဒေသဖွံ့ဖြိုး လုပ်ငန်းများကို ​ရေရှည်တည်တံ့ခိုင်​စေ​ရေး ဝိုင်းဝန်းထိန်းသိမ်း​ ဆောင်ရွက်သွား​စေလို​ကြောင်း ပြောကြားကာ အဆိုပါလမ်းအား ကြည့်ရှုစစ်​ဆေးခဲ့သည်။

အဆိုပါလမ်းကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် (၂၁၅) သန်းဖြင့် နယ်စပ်​ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်​ရေး ဦးစီးဌာနမှ ဖောက်လုပ်ပေးခြင်းဖြစ်ပြီး သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်အလိုက် ​မြေသားလမ်း၊ ​ကျောက်ခင်းလမ်းနှင့် ယခု ကွန်ကရစ်လမ်းအဖြစ် အဆင့်ဆင့် ​ဖောက်လုပ်ပြီးစီးခဲ့ပြီ ဖြစ်​ကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် သထုံခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ်အတွင်းရှိ မြို့မိမြို့ဖများ၊ ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများအား မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။

ထို့သို့​တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို​ကျေးရွာများအ​ရောက် ‌ဆောင်ရွက်ပေးလျက်ရှိပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများကို မိမိတို့မြို့နယ်အလိုက် ဆောင်ရွက်ပြီးစီးမှုအား ဆန်းစစ်ပြီး ပြည်သူအားလုံး ထိုးနှံပြီးစီးရေးတွက်လည်း ဝိုင်ဝန်းနှိုးဆော်ပေးစေလိုကြောင်း၊ ဥပ​ဒေ၊ နည်းဥပ​ဒေ၊ လုပ်ထုံး လုပ်နည်းများနှင့် ဆောင်ရွက်ကြစေရန်နှင့် ​ဒေသဖွံ့ဖြိုး​ရေးလုပ်ငန်းများကိုလည်း အထူးအ​လေးထား ​ဆောင်ရွက်​ပေးကြ​စေလိုကြောင်း၊ ထို့ပြင် ​ရပ်ကွက်ကျေးရွာအတွင်း သဘာဝဘေးများ၊ ရေဘေး၊ လေဘေးစသည်များကို ကြိုတင်ကာကွယ်နိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း မှာကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သထုံမြို့၏ကျက်သရေဆောင် လေးဆူဓါတ်စံ ရွှေစာရံ စေတီတော်မြတ်ကြီးအား သွားရောက်ဖူးမျှော်ကာ စေတီတော်ဝန်းအတွင်းရှိ ရှေးဟောင်းကျောက်စာရုံများအား လှည်လည်ကြည့်ရှုပြီး ရှေးဟောင်းကျောက်စာများ ရေရှည်တည်တံ့ရေး၊ သမိုင်းအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးတို့အတွက် လိုအပ်သည်တို့ကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။

ခရိုင်ပြန်/ဆက်










No comments

Powered by Blogger.