ကျောက်ဆည်မြို့နယ်၌ မိုးစပါး ၅၂၇၉၉ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ၂၄၂၈၁ ဧက ရိတ်သိမ်းပြီးဖြစ်
ကျောက်ဆည် ဒီဇင်ဘာ ၂၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆန်စပါး ဖူလုံပိုလျှံစေရေးအတွက် ၂၀၂၁-၂၀၂၂ ခုနှစ်တွင် မိုးစပါး စိုက်ဧက ၅၂၇၉၉ ဧက လျာထားစိုက်ပျိုးနိုင်ခဲ့ပြီး ယနေ့အထိ ရိတ်သိမ်းပြီး မိုးစပါးဧကပေါင်း ၂၄၂၈၁ ဧက ရိတ်သိမ်းပြီးကြောင်းနှင့် စပါး ၂၂၆၅၈၃၂ တင်း ထွက်ရှိကြောင်း မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရှိရသည်။
ကျောက်ဆည်မြို့နယ်တွင် ဧရာမင်း၊ မနောသုခ၊ ရွှေမနော် စပါးမျိုးများ အဓိကစိုက်ပျိုးထားပြီး ဧရာမင်းစပါး ၁၈၄၈၃ ဧက ရိတ်သိမ်းနိုင်ခဲ့ကာ တစ်ဧက အထွက်နှုန်း ၉၁ ဒသမ ၁၇ တင်း၊ မနောသုခစပါး ၅၃၁၈ ဧက ရိတ်သိမ်းနိုင်ခဲ့ကာ တစ်ဧက အထွက်နှုန်း ၉၉ ဒသမ ၈၃ တင်းနှင့် ရွှေမနော်စပါး ဧက ၄၈၀ ရိတ်သိမ်းနိုင်ခဲ့ကာ တစ်ဧက အထွက်နှုန်း ၁၀၃ ဒသမ ၇၉ တင်း ထွက်ရှိကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ မိုးစပါး စိုက်ပျိုးရာတွင် ဧရာမင်း၊ မနောသုခနှင့် ရွှေမနော် စပါးမျိုးများ စိုက်ပျိုးထားကြောင်းနှင့် ဇော်ဂျီဆည်ရေသောက်စနစ်ဖြင့် ၃၅၉၉၄ ဧက၊ ကင်းတားဆည် ရေသောက်စနစ်ဖြင့် ၁၆၀၂၇ ဧက၊ သစ်တက္ကုန်းဆည်ရေသောက်စနစ်ဖြင့် ၄၃၆ ဧက၊ မိုးရေသောက်စနစ်ဖြင့် ၂၃၂ ဧက၊ မြေအောက်ရေ စက်ရေတွင်းဖြင့် ဧက ၁၁၀ စုစုပေါင်း ၅၂၇၉၉ ဧက စိုက်ပျိုးထားကြောင်း မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရှိရသည်။
သက်မောင်(ကျောက်ဆည်)
No comments