အိန္ဒိယနိုင်ငံ၌ အိုမီခရွန်ကူးစက်ခံရသူ ၅၇၈ ဦးအထိရှိလာ

 



ဒီဇင်ဘာ ၂၇


အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၆၅၃၁ ဦးထပ်မံတွေ့ရှိခဲ့ပြီး ယနေ့အထိ ရောဂါကူးစက်ခံရသူပေါင်း ၃၄၇၉၃၃၃၃ ဦးအထိမြင့်တက်လာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။


ထိုရောဂါကူးစက်ခံရမှုကြောင့် ၃၁၅ ဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၄၇၉၉၉၇ ဦးအထိ ရှိလာသည်။


နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ရောဂါကူးစက်ဖြစ်ပွားဆဲလူနာ ၇၅၈၄၁ ဦးရှိသည်။


တစ်ရက်အတွင်း ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ ၇၁၄၁ ဦးရှိပြီး ယနေ့အထိ ဆေးရုံများမှဆင်းလာသူပေါင်း ၃၄၂၃၇၄၉၅ ဦးရှိသည်။


မြို့တော်ဒေလီနှင့် မဟာရာရှပ်ထရာပြည်နယ်တို့တွင် အိုမီခရွန်ကူးစက်ခံရသူ ၁၄၂ ဦးနှင့် ၁၄၁ ဦးတို့အသီးသီးရှိကြပြီး ၎င်းတို့အပါအဝင် နိုင်ငံတစ်ဝန်းတွင် အိုမီခရွန်ကူးစက်ခံရသူ ၅၇၈ ဦး အထိ

မြင့်တက်လာသည်။ အိုမီခရွန်ကူးစက်ဖြစ်ပွားမှုမှ ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံများမှဆင်းသွားသူ ၁၅၁ ဦး ရှိသည်ဟု ဖက်ဒရယ်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ သိရသည်။


ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.