ဆူဇူကီးဖလား ဗိုလ်လုပွဲ ပထမအကျော့တွင် ထိုင်းအသင်းကအင်ဒိုနီးရှားကို လေးဂိုးပြတ်သွင်း
ရန်ကုန် ဒီဇင်ဘာ
၃၀
၂၀၂၀ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ
ဗိုလ်လုပွဲ ပထမအကျော့ကို ဒီဇင်ဘာ ၂၉ ရက်က စင်ကာပူနိုင်ငံ၌ ကျင်းပရာ ထိုင်းအသင်း လေးဂိုးပြတ်ဖြင့်
အနိုင်ရရှိခဲ့သည်။
ထိုင်းအသင်းသည် အင်ဒိုနီးရှားအသင်းကို
လေးဂိုးပြတ်အနိုင်ရခဲ့သဖြင့် ချန်ပီယံဆုအား တစ်ကျော့ပြန် ရယူနိုင်ရန် အခွင့်အရေးသာသွားပြီဖြစ်သည်။
ဒန်ဒါနှင့် ချာနာသစ်တို့ ဦးဆောင်သည့် ထိုင်းတိုက်စစ်မှာ အင်ဒိုနီးရှားခံစစ်ကို ခြိမ်းခြောက်နိုင်ခဲ့ပြီး
ပွဲအစ ၂ မိနစ်မှာပင် ချာနာသစ်က အဖွင့်ဂိုးသွင်းယူခဲ့သည်။ ယင်းနောက်ပိုင်းတွင် ပွဲမှာအပြန်အလှန်
ရှိခဲ့သော်လည်း ဒုတိယပိုင်းတွင် ထိုင်းအသင်းကပင် ဂိုးများ ဆက်တိုက် ရရှိခဲ့ခြင်းဖြစ်သည်။
ထိုင်းအသင်းအတွက် အနိုင်ဂိုးများကို ၅၂ မိနစ်တွင် ချာနနာသစ်၊ ၆၇ မိနစ်တွင် ဆူပါဖျော့နှင့်
၈၃ မိနစ်တွင် ဖာလာတို့က သွင်းယူခဲ့သည်။
ဗိုလ်လုပွဲဒုတိယအကျော့ကို
ဇန်နဝါရီ ၁ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်သည်။ ထိုင်းအသင်းသည် ပထမအကျော့မှာပင် လေးဂိုးပြတ်
အနိုင်ရခဲ့သဖြင့် ချန်ပီယံဆုရယူနိုင်ရန် အခွင့်အရေးသာသွားပြီဖြစ်ပြီး အင်ဒိုနီးရှားအသင်းမှာမူ
အခွင့်အရေးအလွန်နည်းသွားပြီဖြစ်သည်။
ရဲရင့်လွင်
No comments