မြန်မာအမျိုးသားလေကြောင်းမှ ဇန်နဝါရီလတွင် နိုင်ငံငါးနိုင်ငံသို့ ကယ်ဆယ်ရေးခရီးစဉ်များ ပျံသန်း ပြေးဆွဲမည်




ရန်ကုန်   ဒီဇင်ဘာ   ၃၀


မြန်မာအမျိုးသားလေကြောင်း(MNA)သည် ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် အိန္ဒိယ၊ ထိုင်း၊ စင်ကာပူ၊ မလေးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့သို့ ကယ်ဆယ်ရေးနှင့် အထူးကယ်ဆယ်ရေးခရီးစဉ်များ ပျံသန်း ပြေးဆွဲသွားမည်ဖြစ်ကြောင်း အဆိုပါလေကြောင်းလိုင်းမှ သိရသည်။


ရန်ကုန်-နယူးဒေလီ-ရန်ကုန် ကယ်ဆယ်ရေးခရီးစဉ်ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၄ ရက်၊ ၁၈ ရက်တို့နှင့် ရန်ကုန်-မနီလာ-ရန်ကုန် ခရီးစဉ်ကို ဇန်နဝါရီ ၁၁ ရက်တွင် လည်းကောင်း၊ ရန်ကုန်-ဗန်ကောက်-ရန်ကုန် ကယ်ဆယ်ရေးခရီးစဉ်ကို  အပတ်စဉ် ဗုဒ္ဓဟူးနေ့နှင့် အထူးကယ်ဆယ်ရေးခရီးစဉ်ကို အပတ်စဉ် အင်္ဂါ၊ ကြာသာပတေး၊ သောကြာနှင့် တနင်္ဂနွေနေ့တို့တွင် လည်းကောင်း၊ ရန်ကုန်-စင်ကာပူ-ရန်ကုန် ကယ်ဆယ်ရေးခရီးစဉ်ကို အပတ်စဉ် တနင်္လာနေ့နှင့် အထူးကယ်ဆယ်ရေးခရီးစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနှင့် စနေနေ့တို့တွင် လည်းကောင်း၊ ရန်ကုန်-ကွာလာလမ်ပူ ကယ်ဆယ်ရေး ခရီးစဉ်ကို တနင်္လာ၊ ကြာသာပတေး၊ စနေနေ့နှင့် ရန်ကုန်-ကွာလမ်လာပူ ကယ်ဆယ်ရေးခရီးစဉ်ကို အပတ်စဉ် အင်္ဂါ၊ သောကြာနှင့် တနင်္ဂနွေနေ့တို့တွင် လည်းကောင်း အသီးသီးပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။


၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလအတွင်း ပျံသန်းပြေးဆွဲမည့် ပြည်ပ Relief Flight ခရီးစဉ်များအတွက် လေယာဉ် လက်မှတ်များကို MNA လက်မှတ်အရောင်းကောင်တာများ၊ MNA Website www.flymna.com နှင့် နီးစပ်ရာ Travel Agent များတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။


ညိမ်းသူ(ကနူး)

No comments

Powered by Blogger.