အမေရိကန်၌ လေယာဉ်ပျက်ကျမှုကြောင့် လေးဦးသေဆုံး
လော့စ်အိန်ဂျလိစ် ဒီဇင်ဘာ
၃၀
အမေရိကန်အနောက်ပိုင်း ပြည်နယ်
တစ်ခုဖြစ်သည့်ကယ်လီဖိုးနီးယားတွင် ဒီဇင်ဘာ ၂၇ ရက် ညနေက လေယာဉ်ငယ် တစ်စင်း ပျက်ကျမှု
ဖြစ်ပွားရာ လူလေးဦးသေဆုံးခဲ့ကြောင်း အာဏာပိုင်များက ပြောကြားလိုက်သည်။
Learjet 35 business jet
ဂျက်လေယာဉ် တစ်စင်းသည် ဆန်ဒီယာဂိုအနီး လူနေဒေသတွင် ဒေသစံတော်ချိန် ည ၇ နာရီ ၁၅ မိနစ်တွင်
ပျက်ကျခဲ့သည်။
လေယာဉ်ပေါ်တွင် လူလေးဦး လိုက်ပါလာခဲ့ကြောင်း
လေကြောင်း အာဏာပိုင်အဖွဲ့က ဒီဇင်ဘာ ၂၈ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ ထို့အပြင်
အဆိုပါ လေယာဉ်သည် ဂျွန်ဝိန်းလေဆိပ်မှ ထွက်ခွာပျံသန်းခဲ့ပြီး ဆန်ဒီယာဂိုရှိ စပိုင်းလေဆိပ်သို့
ဦးတည် ပျံသန်းလာခဲ့ကြောင်း အဆိုပါ ကြေညာချက်တွင် ဆက်လက် ဖော်ပြထားသည်။
လေယာဉ်ပျက်ကျပြီးနောက် အဆိုပါနေရာသို့
ရဲများနှင့် မီးသတ်သမားများ ရောက်လာခဲ့ကြသည်။ အသက်ရှင်ကျန်ရစ်သူ တစ်ဦးမျှ မတွေ့ရှိခဲ့ကြောင်း
သိရသည်။
မြေပြင်တွင် တစ်ဦး တစ်ယောက်မျှ
ဒဏ်ရာရရှိခြင်း မရှိခဲ့ပေ။ သို့သော်လည်း နေအိမ်တစ်လုံးမှာ ပျက်စီးခဲ့ပြီး လျှပ်စစ်
ဓာတ်အားလိုင်းများလည်း ပြတ်တောက်ခဲ့ကြောင်း သိရသည်။
လေယာဉ်ပျက်ကျမှု ဖြစ်စဉ်နှင့်
ပတ်သက်ပြီး သက်ဆိုင်ရာက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
ဆင်ဟွာ
No comments