blogger-disqus-facebook
  • Home
    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း
    • စီးပွားရေး
    • ဆောင်းပါး
    • အင်တာဗျူး
    • မှုခင်း
    • အားကစား
    • သတင်းစာများ
    • _မြန်မာ့အလင်း
    • _ကြေးမုံ
    • _The Global New Light Of Myanmar
    • English
    Home / ပြည်တွင်းသတင်း / ASEAN-OSHNET Awards လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက်ဆု ပါဝင်ယှဉ်ပြိုင်နိုင်ရေး လုပ်ငန်းရှင်များကို တိုက်တွန်း

    ASEAN-OSHNET Awards လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက်ဆု ပါဝင်ယှဉ်ပြိုင်နိုင်ရေး လုပ်ငန်းရှင်များကို တိုက်တွန်း

    Myanmar Digital News January 22, 2022 0

     

    ရန်ကုန် ဇန်နဝါရီ ၂၃

    ASEAN-OSHNET Awards လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက်ဆု ပါဝင်ယှဉ်ပြိုင်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။

    အစည်းအဝေးတွင် အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန် က ASEAN-OSHNET Award ဆုသည် အာဆီယံဒေသအတွင်း လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးနှင့်စပ်လျဉ်းပြီး ကောင်းမွန်အောင် ဆောင်ရွက်ထားသည့် စက်ရုံ၊ အလုပ်ရုံများကို စိစစ်အကဲဖြတ်ပြီး ချီးမြှင့်သည့် အသိအမှတ်ပြုဆုဖြစ်ကြောင်း။ ASEAN-OSHNET Excellent Award ထူးခြားစွမ်းဆောင်ဆုကို မည်သည့်လုပ်ငန်းမဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး Best Pratices Award ကောင်းမွန်သည့် အလေ့အထ ကျင့်စဉ် စွမ်းဆောင်ဆုကို အသေးစားအလတ်စား လုပ်ငန်းများကသာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း။

    ဝန်ကြီးဌာနမှ ASEAN-OSHNET Award ဆု ရွေးချယ်ရေး ကော်မတီကို ဖွဲ့စည်း၍ လုပ်ငန်းရှင်များအနေဖြင့် ASEAN-OSHNET Award များတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး နိုင်ငံပိုင် သတင်းစာများမှ ထည့်သွင်းကြော်ငြာသွားမည်ဖြစ်ကြောင်း။

    ASEAN-OSHNET Awards ချီးမြှင့််ခြင်းကို (၂)နှစ်လျှင် တစ်ကြိမ်သာ ပေးအပ်၍ ၂၀၁၆၊ ၂၀၁၈၊ ၂၀၂၁ ခုနှစ်တို့တွင် (၃)ကြိမ် ပေးအပ်ပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်၂၀၁၆ ခုနှစ်တွင် Excellence Award ကို FAME ဆေးဝါးစက်ရုံ၊ Best Practices Award ကို TOYO Battery စက်ရုံ တို့ကလည်းကောင်း၊ ၂၀၁၈ ခုနှစ်တွင် Excellence Award ကို United Paint Group အိမ်သုတ် ဆေးစက်ရုံ၊ Best Practices Award ကို Unilever (Myanmar) စားသောက်ကုန်နှင့် အလှပြင် ပစ္စည်းစက်ရုံတို့က လည်းကောင်း၊ ၂၀၂၁ ခုနှစ်တွင် Excellence Award ကို RVK Meditech Co.,Ltd ဆေးဝါးစက်ရုံ၊ Best Practices Award ကို Jotun Myanmar အိမ်သုတ် ဆေးစက်ရုံတို့က လည်းကောင်း ရယူနိုင်ခဲ့ပြီး အာဆီယံ ဒေသတွင်းအဆင့် ယှဉ်ပြိုင်နိုင်စွမ်းရှိကြောင်းကို ပြသနိုင်ခဲ့ ကြောင်း။

    စတုတ္ထအကြိမ်မြောက် အာဆီယံ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး ကွန်ရက်ဆုကို ၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံမှ အလှည့်ကျအိမ်ရှင်အဖြစ် တာဝန်ယူ ပေးအပ်ချီးမြှင့် သွားမည့်အပြင် (၂၃) ကြိမ်မြောက် အာဆီယံလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး ကွန်ရက် ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေး၊ (၉) ကြိမ်မြောက် အာဆီယံလုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး ညီလာခံတို့ကိုလည်း အလှည့်ကျ အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပသွား မည်ဖြစ်ကြောင်း။

    လုပ်ငန်းရှင်များအနေဖြင့် ASEAN-OSHNET Awards ဆုများရယူပြီး မြန်မာနိုင်ငံ၏ အာဆီယံအဆင့် ယှဉ်ပြိုင်နိုင်စွမ်း ပုံရိပ်ကို ဆက်လက်ထိန်းသိမ်းနိုင်ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။

    ယင်းနောက် တက်ရောက်လာသည့် ဌာနဆိုင်ရာ တာဝန်ခံများက ASEAN-OSHNET Awards နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး စက်မှုဇုန်များမှ ဥက္ကဋ္ဌနှင့် လုပ်ငန်းရှင်များက သိရှိလိုသည်များကို ဆွေးနွေးတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

    (သတင်းစဉ်)

    Tags:
    ပြည်တွင်းသတင်း

    ပြည်တွင်းသတင်း

    No comments

    Subscribe to: Post Comments ( Atom )

    Blog Archive

    Tags

    Editorial (54) English (19892) The Global New Light Of Myanmar (58) ကျန်းမာရေး (197) ကြေးမုံ (72) ကာတွန်း (166) စီးပွားရေး (2273) ဆောင်းပါး (3083) တွေ့ဆုံမေးမြန်း (71) နိ (1) နိုင်ငံတကာသတင်း (6169) ပညာရေး (189) ပြည်တွင်းသတင်း (29445) မြန်မာ့အလင်း (72) မြေငလျင်သတင်း (81) မှုခင်း (1264) မိုးလေဝသ (4545) ဝတ္ထုတို (65) သဝဏ်လွှာ (1) အင်တာဗျူး (97) အနုပညာရပ်ဝန်း (143) အယ်ဒီတာ့ အာဘော် (708) အားကစား (1132)
  • visitor

    Created By MDN Templates | Distributed By Myanmar Digital News
    Powered by Blogger.