မာန်အောင်မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်လှစ်

 




မာန်အောင်  ဇန်နဝါရီ  ၃


ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ မာန်အောင်မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား လေ့ကျင့်ရေး(မွမ်းမံ) သင်တန်း (၁/၂၀၂၂) ဖွင့်ပွဲကို ဇန်နဝါရီ ၃ ရက် နံနက်၉နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးရွှေလှအောင် တက်ရောက်အဖွင့်အမှာစကား ပြောကြားရာတွင်  သင်တန်းသားများအနေဖြင့် သင်တန်းမှပို့ချပေးမည့် ပညာရပ်များကို စိတ်ပါဝင်စားစွာဖြင့် လေ့လာသင်ယူကြရန်၊ မိမိရပ်ရွာအတွင်း မီးဘေးအန္တရာယ်ကြုံတွေ့လာပါက တစ်ဘက်တစ်လမ်းမှ ပါဝင်ကူညီ ဆောင်ရွက်နိုင်အောင် စနစ်တကျ သင်ယူကြရန် စသည်တို့ကို မှာကြားခဲ့သည်။


ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးထိန်လင်းက  အရန်မီးသတ်တပ်ဖွဲ့ဝင်များအား လေ့ကျင့်ရေး(မွမ်းမံ) သင်တန်း ဖွင့်လှစ်ပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။


အဆိုပါ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းကို  ရပ်ကွက်/ကျေးရွာအသီးသီးမှ သင်တန်းသား ၅၀ ဦးတက်ရောက်သင်ယူမည်ဖြစ်ပြီး သင်တန်းကာလမှာ ရက်သတ္တလေးပတ်ကြာ  သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။


သိန်းဖေ(ပြန်/ဆက်)

No comments

Powered by Blogger.