blogger-disqus-facebook
  • Home
    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း
    • စီးပွားရေး
    • ဆောင်းပါး
    • အင်တာဗျူး
    • မှုခင်း
    • အားကစား
    • သတင်းစာများ
    • _မြန်မာ့အလင်း
    • _ကြေးမုံ
    • _The Global New Light Of Myanmar
    • English
    Home / ပြည်တွင်းသတင်း / ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ အထိ အကိုင်အခွင့်အလမ်း (၄၇၉၀၃) ဦး ဖန်တီးပေးနိုင်ခဲ့

    ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ အထိ အကိုင်အခွင့်အလမ်း (၄၇၉၀၃) ဦး ဖန်တီးပေးနိုင်ခဲ့

    Myanmar Digital News January 22, 2022 0

    ပဲခူး ဇန်နဝါရီ ၂၁

    တိုင်းဒေသကြီးအတွင်း လာရောက်ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းရှင်များအား ရသင့်ရ ထိုက်သည့်အခွင့်အရေးများခံစားရရှိနိုင်ရန်နှင့် ဥပဒေအရအကာအကွယ်ပေးရမည့်လုပ်ငန်း စဉ်များကို ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း  ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က ပြောကြားသည်။

    ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ယနေ့၊ မွန်းလွဲပိုင်း တွင်ကျင်းပသည့် ပဲခူးတိုင်းဒေသကြီးရင်းနှီး မြှုပ်နှံမှုကော်မတီ  အစည်းအဝေး (၁/၂၀၂၂) ၌ ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

    ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် က  တိုင်းဒေသကြီးအတွင်း CMP ကဲ့သို့သော အထည်ချုပ်လုပ်ငန်းများနှင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် အသုံးဝင်သည့် ဓာတ်မြေဩဇာ ထုတ်လုပ်ရေးလုပ်ငန်းများနှင့်  အလုပ်အကိုင်အခွင့်အလမ်းများစွာရရှိစေမည့်စက်ရုံများကို အဓိကထားခွင့်ပြုပေးလျက်ရှိကြောင်း၊ စက်မှုလုပ်ငန်းများခွင့်ပြုချထားပေးရာတွင် သဘာဝ ပတ်ဝန်းကျင်ဂေဟစနစ်ကိုမထိခိုက်စေရန်နှင့် စက်မှုဇုန်ဥပဒေအရလိုက်နာရမည့် စည်းကမ်း ချက်များအတိုင်းကြီးကြပ်ဆောင်ရွက်သွားရမည်ဖြစ် ကြောင်းမှာကြားသည်။

    ထို့နောက် ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး က တိုင်းဒေသကြီအတွင်း ရင်းနှီးမြှပ်နှံမှုဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ကော်မတီဝင်များက အကြံပြုဆွေးနွေးကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ကဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီဆောင်ရွက်ပေးသည်။

     ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဇန်န ဝါရီ လအထိ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုနှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ (၁၀၄ ဒသမ ၄၈၃) သန်းနှင့် မြန်မာကျပ်ငွေ (၈၃၂၉ ဒသမ ၁၅)သန်း ဝင်ရောက်ခဲ့ပြီး အလုပ် အကိုင်အခွင့်အလမ်း (၄၇၉၀၃) ဦး ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။

    (သတင်းစဉ်)

    Tags:
    ပြည်တွင်းသတင်း

    ပြည်တွင်းသတင်း

    No comments

    Subscribe to: Post Comments ( Atom )

    Blog Archive

    Tags

    Editorial (54) English (19876) The Global New Light Of Myanmar (58) ကျန်းမာရေး (194) ကြေးမုံ (72) ကာတွန်း (166) စီးပွားရေး (2270) ဆောင်းပါး (3083) တွေ့ဆုံမေးမြန်း (71) နိ (1) နိုင်ငံတကာသတင်း (6160) ပညာရေး (188) ပြည်တွင်းသတင်း (29412) မြန်မာ့အလင်း (72) မြေငလျင်သတင်း (81) မှုခင်း (1264) မိုးလေဝသ (4545) ဝတ္ထုတို (65) သဝဏ်လွှာ (1) အင်တာဗျူး (97) အနုပညာရပ်ဝန်း (143) အယ်ဒီတာ့ အာဘော် (708) အားကစား (1132)
  • visitor

    Created By MDN Templates | Distributed By Myanmar Digital News
    Powered by Blogger.