တူရကီနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အလုံးရေ သန်း ၁၄၀ ကျော် အသုံးပြုပြီးဖြစ်
အန်ကာရာ ဇန်နဝါရီ ၂၁
တူရကီနိုင်ငံ၌ တတိယအကြိမ်
အပိုဆောင်းထိုးနှံပေးသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ အပါအဝင် ကာကွယ်ဆေးအလုံးရေ
စုစုပေါင်း သန်း ၁၄၀ ကျော် အသုံးပြုပြီးဖြစ်ကြောင်း တူရကီကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားသည်။
တူရကီနိုင်ငံသည် တရုတ်နိုင်ငံထုတ်
Sinovac ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို နိုင်ငံအတွင်း အရေးပေါ်အသုံးပြုရန် တူရကီကျန်းမာရေးအာဏာပိုင်များက
အတည်ပြုပေးခဲ့ပြီးနောက် နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှုအစီအစဉ်ကို
၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၄ ရက်တွင် စတင်ခဲ့ခြင်းဖြစ်သည်။
တူရကီနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏
အချက်အလက်များအရ အသက် ၁၈ နှစ်နှင့်အထက် အသက်အရွယ်ရှိသူ နိုင်ငံသားအားလုံး၏ ၉၂ ဒသမ ၃၁
ရာခိုင်နှုန်းသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတစ်ကြိမ် ထိုးနှံမှုခံယူပြီး ဖြစ်ကြောင်းနှင့်
၈၄ ဒသမ ၁၀ ရာခိုင်နှုန်းသည် ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံမှုခံယူပြီးဖြစ်ကြောင်း တူရကီ
ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
တူရကီနိုင်ငံ၌ လူဦးရေ ၈၃
သန်းရှိသည့်အနက် ၂၄ သန်းနီးပါးသည် ကာကွယ်ဆေး တတိယအကြိမ် အပိုဆောင်း ထိုးနှံမှုခံယူပြီးဖြစ်ကြောင်း
၊ တူရကီကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
တူရကီနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း
ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၇၂၆၁၅ ဦး ထပ်မံတွေ့ရှိခြင်းကြောင့် နိုင်ငံတစ်ဝန်း အဆိုပါ
ရောဂါကူးစက်ခံရသူစုစုပေါင်း ၁၀၆၆၄၃၇၂ ဦးရှိလာကြောင်း တူရကီ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
တူရကီနိုင်ငံ၌ ကိုဗစ်-၁၉
ရောဂါကြောင့် သေဆုံးသူ ၁၇၆ ဦး ထပ်တိုးလာခြင်းကြောင့် အဆိုပါရောဂါဖြင့် သေဆုံးသူပေါင်း
၈၅၂၅၃ ဦးရှိလာကြောင်းနှင့် လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူ
၈၄၄၂၆ ဦးရှိကြောင်း တူရကီကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားသည်။
ကိုးကား - ဆင်ဟွာ၊
ဘာသာပြန် - အလင်းသစ်
No comments