ဆင်ပေါင်ဝဲမြို့နယ်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံအလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကျင်းပ
ဆင်ပေါင်ဝဲ ဇန်နဝါရီ
၄
မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊ဆင်ပေါင်ဝဲမြို့နယ်ခန်းမတွင်
ယနေ့ နံနက် ၇ နာရီက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံအလေးပြုခြင်းနှင့်
သဝဏ်လွှာဖတ်ပွဲအခမ်းအနား ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာ
နိုင်ငံတော်အလံအားအလေးပြုခြင်း၊ ကျဆုံးလေပြီးသော
ခေါင်းဆောင်များနှင့် ရဲဘော်အပေါင်းအား အလေးပြုကြသည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်ထံမှ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာအား
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးက ဖတ်ကြားသည်။
ဆက်လက်ပြီး အားကစားပြိုင်ပွဲများတွင်
မြို့နယ်ကိုယ်စားပြုဆုရရှိခဲ့သည့် အားကစားအဖွဲ့များအား တာဝန်ရှိ သူများက ဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ တက်ရောက်လာသူများအား
ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက (၇၄)နှစ်
မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်သတင်း စကား လက်ကမ်း စာစောင်များ ဝေငှပေးခဲ့ကြောင်း သိရသည်။
နိုင်လင်း(မြို့နယ်ပြန်/ဆက်)
No comments