blogger-disqus-facebook
  • Home
    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း
    • စီးပွားရေး
    • ဆောင်းပါး
    • အင်တာဗျူး
    • မှုခင်း
    • အားကစား
    • သတင်းစာများ
    • _မြန်မာ့အလင်း
    • _ကြေးမုံ
    • _The Global New Light Of Myanmar
    • English
    Home / အားကစား / အဲဗာတန်ကို အနိုင်ယူပြီး နောက်ဆုံးလေးပွဲနိုင်ပျောက်ဆုံးမှုကို အဆုံးသတ်နိုင်ခဲ့သည့် အက်စ်တွန်ဗီလာအသင်း

    အဲဗာတန်ကို အနိုင်ယူပြီး နောက်ဆုံးလေးပွဲနိုင်ပျောက်ဆုံးမှုကို အဆုံးသတ်နိုင်ခဲ့သည့် အက်စ်တွန်ဗီလာအသင်း

    Myanmar Digital News January 22, 2022 0

     

    ဇန်နဝါရီ  ၂၃

    ပရီမီယာလိဂ်ပွဲစဉ်(၂၃)မှ အစောဆုံးပွဲစဉ်အဖြစ် အဲဗာတန်အသင်းနှင့် အက်စ်တွန်ဗီလာအသင်းတို့ ပွဲစဉ်ကို ဇန်နဝါရီ ၂၂ ရက် ညပိုင်းက ဂွတ်ဒီဆင်ပတ်ခ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ အက်စ်တွန်ဗီလာအသင်းက ဘွန်ဒီယာ၏ တစ်လုံးတည်းသော သွင်းဂိုးဖြင့် အဲဗာတန်အသင်းကို အနိုင်ရရှိခဲ့သည်။  

    အဲဗာတန်အသင်းသည် ပြီးခဲ့သည့်ပွဲစဉ်မှ ကစားသမားစာရင်းကို အနည်းငယ် အပြောင်းအလဲပြုလုပ်ကာ အားထားရသည့်ကစားသမားများဖြင့် အက်စ်တွန်ဗီလာအသင်းကို ရင်ဆိုင်လာခဲ့သော်လည်း အသင်းစွမ်းဆောင်ရည်ပိုင်း လိုအပ်ချက်ရှိနေသည့်အတွက် ပထမပိုင်းတွင် အဲဗာတန်အသင်းဘက်သို့ ဂိုးကန်သွင်းခွင့်ပြုလုပ်ထားနိုင်ခြင်း မရှိသည်ကို တွေ့ရသည်။ အက်စ်တွန်ဗီလာအသင်းက အဲဗာတန် အသင်းထက် ပိုမိုကောင်းမွန်သည့် ကစားဟန်ကို ပြသနိုင်ခဲ့ပြီး ပထမပိုင်းပွဲချိန်ပြီးခါနီးတွင် ဒဂ်နီ၏ ဖန်တီးမှုမှ ဘွန်ဒီယာက အဖွင့်ဂိုး ရယူနိုင်ခဲ့သည်။

    ဒုတိယပိုင်းတွင် အဲဗာတန်အသင်းကစားအား ကောင်းမွန်လာကာ အက်စ်တွန်ဗီလာအသင်းကို ဖိအားပေး ထိန်းချုပ်ကစားနိုင်ခဲ့ပြီး ဂိုးကန်သွင်းခွင့်ပြုလုပ်လာနိုင်ခဲ့သည်။ သို့သော်လည်း အက်စ်တွန်ဗီလာအသင်းခံစစ်နှင့် ဂိုးသမားတို့ ကာကွယ်ထားနိုင်မှုကြောင့် လိုအပ်နေသည့်ဂိုးများနှင့် ဝေးကွာခဲ့ရသည်။ ထို့နောက်တွင် နှစ်သင်းစလုံး လူစားလဲမှုပြုလုပ်လာသော်လည်း ပွဲချိန်ပြည့်သည်အထိ ထပ်မံဂိုးသွင်းယူနိုင်ခြင်း မရှိသောကြောင့် အက်စ်တွန်ဗီလာအသင်းက တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

    အက်စ်တွန်ဗီလာအသင်းသည် ယခုအနိုင်ပွဲကြောင့် ပရီမီယာလိဂ် ၂၁ ပွဲကစားပြီး ၂၆ မှတ်ရရှိကာ ယခုပွဲစဉ် တွင် ရှုံးနိမ့်ခဲ့သည့် အဲဗာတန်အသင်းက ပွဲ ၂၀ ကစားပြီး ၁၉ မှတ်သာ ရရှိထားသေးသည်။

    ဇော်ဇော်


    Tags:
    နိုင်ငံတကာသတင်း အားကစား

    အားကစား

    No comments

    Subscribe to: Post Comments ( Atom )

    Blog Archive

    Tags

    Editorial (54) English (19892) The Global New Light Of Myanmar (58) ကျန်းမာရေး (197) ကြေးမုံ (72) ကာတွန်း (166) စီးပွားရေး (2272) ဆောင်းပါး (3083) တွေ့ဆုံမေးမြန်း (71) နိ (1) နိုင်ငံတကာသတင်း (6169) ပညာရေး (189) ပြည်တွင်းသတင်း (29433) မြန်မာ့အလင်း (72) မြေငလျင်သတင်း (81) မှုခင်း (1264) မိုးလေဝသ (4545) ဝတ္ထုတို (65) သဝဏ်လွှာ (1) အင်တာဗျူး (97) အနုပညာရပ်ဝန်း (143) အယ်ဒီတာ့ အာဘော် (708) အားကစား (1132)
  • visitor

    Created By MDN Templates | Distributed By Myanmar Digital News
    Powered by Blogger.