ပေါက်ခေါင်းမြို့နယ် အားကစားကွင်း၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့(အကြို) အားကစားပြိုင်ပွဲများ ပြုလုပ်






ပေါက်ခေါင်း   ဇန်နဝါရီ   ၃


ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့(အကြို) အားကစားပြိုင်ပွဲများကို ယနေ့ နံနက်ပိုင်းက မြို့နယ်အားကစားကွင်းနှင့် အားကစားခန်းမတို့တွင် ကျင်းပသည်။


အဆိုပါအားကစားပြိုင်ပွဲများကို မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ်ပညာရေးဌာနနှင့် အားကစားဝါသနာရှင်များ ပူးပေါင်းကျင်းပပြုလုပ်ခြင်းဖြစ်ပြီး အားကစားပြိုင်ပွဲများမှာ မြို့နယ်အဆင့်ဘော်လီဘောပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ အမျိုးသားမီတာ(၂၀၀) အပြေးပြိုင်ပွဲ၊ အလတ်တန်းမီတာ(၁၀၀)၊ အမျိုးသမီးအငယ်တန်းမီတာ(၁၀၀)အပြေးပြိုင်ပွဲ၊ အမျိုးသမီးထုတ်ဆီးတိုး၊ အာလူးကောက်နှင့် အိတ်စွပ်ပြိုင်ပွဲများ ပြုလုပ်လျက်ရှိရာ ဗိုလ်လုပွဲယှဉ်ပြိုင်ရမည့် အသင်းများမှာ ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့တွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။ ဆုရရှိသည့် အားကစားသမားများကိုလည်း ဆုများချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။


သန်းထွန်းအောင်

No comments

Powered by Blogger.