မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၈၈၂ ဦး ထပ်မံတွေ့ရှိ

 



ဇန်နဝါရီ ၃


မလေးရှားနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၈၈၂ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ကူးစက်ခံရသူပေါင်း၂၇၆၄၃၅၄ ဦး အထိရှိလာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။


ထပ်မံကူးစက်ဖြစ်ပွားသူများအနက် ၃၃၃ ဦးသည် ပြည်ပကူးစက်မှုဖြစ်ပြီး ၂၅၄၉ ဦးသည် ပြည်တွင်းကူးစက်မှုဖြစ်ကြောင်း ထိုဝန်ကြီးဌာန၏ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။


အဆိုပါရောဂါကူးစက်ခံရမှုကြောင့် ၁၉ ဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၃၁၅၃၂ ဦးအထိရှိသည်။


ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးကောင်းမွန်လာသဖြင့် ဆေးရုံများမှ ဆင်းလာသူပေါင်း ၂၆၉၂၂၁၆ ဦးရှိသည်။


နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ကူးစက်ဖြစ်ပွားဆဲလူနာ ၄၀၆၀၆ ဦးရှိပြီး အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှု ခံယူနေသူ ၂၈၄ ဦးရှိသည်။


နိုင်ငံလူဦးရေ၏ ၇၉ ဒသမ ၆ ရာခိုင်နှုန်းသည် ကိုဗစ်ကာကွယ်ဆေးတစ်ကြိမ်ထက်မနည်း ထိုးနှံမှုခံယူပြီးဖြစ်ကြောင်း၊ ၇၈ ဒသမ ၄ ရာခိုင်နှုန်းသည် ကာကွယ်ဆေးဒုတိယအကြိမ်ထိုးနှံခဲ့ပြီး ဖြစ်ကြောင်းနှင့် ၁၉ ဒသမ ၇ ရာခိုင်နှုန်းသည် ကိုဗစ်ကာကွယ်ဆေး တတိယအကြိမ်အပိုဆောင်းထိုးနှံမှုခံယူပြီးဖြစ်ကြောင်း သိရှိရသည်။


ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.