ဗြိတိန်နိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ တစ်သိန်းခြောက်သောင်းကျော်ရှိ
လန်ဒန် ဇန်နဝါရီ ၃
ဗြိတိန်နိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း
ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ တစ်သိန်းခြောက်သောင်းကျော်ရှိခြင်းကြောင့် နိုင်ငံအတွင်း
ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားပြီးနောက်ပိုင်း နေ့စဉ် ကူးစက်မှု စံချိန်တင်ခဲ့ကြောင်း
ယနေ့ သတင်းများအရ သိရသည်။ ။
ယင်းသို့ ဗြိတိန်နိုင်ငံ၌
လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၁၆၂၅၇၂ ဦး ထပ်မံတွေ့ရှိခဲ့ခြင်းကြောင့်
နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၁၃၁၀၀၄၅၈ ဦးရှိလာကြောင်း သိရသည်။
ထို့ပြင် ဗြိတိန်နိုင်ငံ၌
ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၁၅၄ ဦး ထပ်မံတွေ့ရှိခဲ့ခြင်းကြောင့် အဆိုပါ ရောဂါဖြင့်
သေဆုံးသူပေါင်း ၁၄၈၇၇၈ ဦးရှိလာကြောင်းနှင့် ဆေးရုံများ၌ တက်ရောက်ဆေးဝါး ကုသမှုခံယူလျက်ရှိသည့်
ကိုဗစ်-၁၉ ရောဂါကူးစက် ခံရသူ ၁၁၉၁၈ ဦးရှိကြောင်း သိရသည်။
ဗြိတိန်နိုင်ငံ၌ အသက် ၁၂
နှစ်နှင့်အထက် အသက်အရွယ်ရှိသူအားလုံး၏ ၉၀ ရာခိုင်နှုန်းကျော်သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးပထမအကြိမ်
ထိုးနှံမှုခံယူပြီးဖြစ်ကြောင်းနှင့် ၈၂ ရာခိုင်နှုန်းသည် ကာကွယ်ဆေးဒုတိယအကြိမ် ထိုးနှံမှုခံယူပြီးဖြစ်ကြောင်း
သိရသည်။
ထို့ပြင် ဗြိတိန်နိုင်ငံ၌
အသက် ၁၂ နှစ်နှင့်အထက် အသက်အရွယ်ရှိသူအားလုံး၏ ၅၉ ရာခိုင်နှုန်းကျော် သည် ကိုဗစ်-၁၉
ရောဂါကာကွယ်ဆေး တတိယ အကြိမ် အပိုဆောင်းထိုးနှံမှုခံယူပြီးဖြစ်ကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ၊
ဘာသာပြန်-အလင်းသစ်
No comments