ဗီယက်နမ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၆၉၄၈ ဦး ထပ်မံတွေ့ရှိ

 



ဟနွိုင်း ဇန်နဝါရီ ၃

 

ဗီယက်နမ်နိုင်ငံ၌ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၆၉၄၈ ဦး ထပ်မံတွေ့ရှိကြောင်း၊ ယင်းလူဦးရေအနက် ၁၆၉၁၄ ဦးသည် ပြည်တွင်း၌ ကူးစက်ခံရသူများဖြစ်ကြောင်းနှင့် ၃၄ ဦးသည် ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများ အနက်မှ ကူးစက်ခံရခြင်းဖြစ်ကြောင်း ဗီယက်နမ်ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

 

ကူးစက်ခံရ

ဗီယက်နမ်နိုင်ငံ၌ ယနေ့ထပ်မံကူးစက်ခံရသူများအနက် မြို့တော်ဟနွိုင်း၌ ၂၀၄၅ ဦး၊ ဟိုင်ဖွန်းစီးတီး၌ ၁၈၀၄ ဦးနှင့် ဗင်လောင်းပြည်နယ်၌ ၁၂၈၀ ကူးစက်ခံရကြောင်း သိရသည်။

 

လက်ရှိတွင် ဗီယက်နမ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၁၇၆၃၀၄၀ ရှိကြောင်းနှင့် ရောဂါကြောင့် သေဆုံးသူပေါင်း ၃၂၈၃၁ ဦးရှိကြောင်း ဗီယက်နမ် ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။ ထို့ပြင် ဗီယက်နမ်နိုင်ငံ၌ လွန်ခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည် ကျန်းမာလာသဖြင့် ဆေးရုံအသီးသီးမှ ဆင်းခွင့်ရရှိသူ ၁၄၄၂၀ ရှိခြင်းကြောင့် အဆိုပါ ရောဂါမှ ပြန်လည်ကျန်းမာလာသူပေါင်း ၁၃၇၂၆၉၆ ဦးရှိလာကြောင်း သိရသည်။

 

ဗီယက်နမ်နိုင်ငံ၌ နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု အစီအစဉ်အောက်တွင် ကာကွယ်ဆေးအလုံးရေ ၁၅၂ ဒသမ ၈ သန်းခန့် အသုံးပြုပြီး ဖြစ်ကြောင်း၊ ယင်းကာကွယ်ဆေးများအနက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ၆၉ ဒသမ ၁ သန်းအား ဒုတိယအကြိမ်ထိုးနှံရာတွင် လည်းကောင်း၊ ခြောက်သန်းအား တတိယအကြိမ် အပိုဆောင်း ထိုးနှံရာတွင်လည်းကောင်း အသုံးပြုခဲ့ကြောင်း သိရသည်။

 

ကိုးကား - ဆင်ဟွာ၊

ဘာသာပြန် - အလင်းသစ်

No comments

Powered by Blogger.