ဘရာဇီးနိုင်ငံ၌ လူတစ်သိန်းလျှင် ၁၁၁၄၃ ဦးနှုန်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံနေရပြီး ကူးစက်ခံရသူ တစ်သိန်းလျှင် ၂၉၅ ဒသမ ၉ ဦးနှုန်း သေဆုံးနေရ

 



ရီယိုဒီဂျနေးရိုး ဇန်နဝါရီ ၂၁

 

ဘရာဇီးနိုင်ငံ၌ လူဦးရေတစ်သိန်းလျှင် ၁၁၁၄၃ ဦးနှုန်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံနေရပြီး ကူးစက်ခံရသူ တစ်သိန်းလျှင် ၂၉၅ ဒသမ ၉ ဦးနှုန်း သေဆုံးနေရကြောင်း ဆင်ဟွာသတင်းတစ်ရပ်အရ သိရသည်။

 

ဘရာဇီးနိုင်ငံသည် အမေရိကန်နိုင်ငံပြီးလျှင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူဒုတိယအများဆုံး နိုင်ငံဖြစ်ပြီး ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုတွင်မူ အမေရိကန်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ နောက်တွင် တတိယအများဆုံး နိုင်ငံဖြစ်ကြောင်း သိရသည်။

 

ဘရာဇီးနိုင်ငံ၌ ဇန်နဝါရီ ၁၉ ရက်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၀၄၈၅၄ ဦးထပ်မံတွေ့ရှိခြင်းကြောင့် နိုင်ငံတစ်ဝန်း ရောဂါကူးစက်ခံရသူပေါင်း ၂၃၄၁၆၇၄၈ ဦးရှိလာကြောင်း ဘရာဇီးကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားသည်။

 

ထို့ပြင် ဘရာဇီးနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၃၃၈ ဦး ထပ်မံတွေ့ရှိခြင်းကြောင့် အဆိုပါ ရောဂါဖြင့် သေဆုံးသူပေါင်း ၆၂၁၈၅၅ ဦးရှိလာကြောင်း သိရသည်။ သေဆုံးမှု သိသိသာသာ လျော့ကျမှုရှိခဲ့သော်လည်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အဆိုပါရောဂါ ကူးစက်မှုနှင့် သေဆုံးမှု ပြန်လည် မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ဘရာဇီးနိုင်ငံ၌ ဇန်နဝါရီ ၁၈ ရက်အထိ လူဦးရေ ၁၄၇ ဒသမ ၆ သန်းသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံမှုခံယူပြီး ဖြစ်ကြောင်း သိရသည်။

 

ကိုးကား - ဆင်ဟွာ၊

ဘာသာပြန် - အလင်းသစ်

No comments

Powered by Blogger.