ကော်လိုရာဒိုတောမီးလောင်ကျွမ်းမှုကြောင့် နေအိမ် ၁၀၀၀ နီးပါးပျက်စီးပြီး လူသုံးဦးပျောက်ဆုံးနေ

 



ဇန်နဝါရီ ၃


အမေရိကန်ပြည်ထောင်စု အနောက်ပိုင်း ကော်လိုရာဒိုပြည်နယ်တွင် တောမီးလောင်ကျွမ်းသဖြင့် နေအိမ် ၁၀၀၀ နီးပါးပျက်စီးပြီး လူသုံးဦးပျောက်ဆုံးလျက်ရှိသည်။


ဒန်ဗာမြို့အနီး မြက်ခင်းပြင်များတွင် ကြာသပတေးနေ့က မီးစတင်လောင်ကျွမ်းခဲ့သည်။ လေပြင်းတိုက်ခတ်မှုကြောင့် အနီးနားရှိဒေသများသို့ တောမီးပြင်းထန်စွာ လောင်ကျွမ်းခဲ့သည်။


တောမီးလောင်ကျွမ်းမှုကြောင့် လူ ၃၀၀၀၀ ထက်မနည်း ဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ရသည်။ ဒေသခံရဲတပ်ဖွဲ့က တောမီးလောင်ကျွမ်းမှုဖြစ်ပွားရသည့်အကြောင်းအရင်းကို စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေပြီး ပျောက်ဆုံးနေသူကို ရှာဖွေနေဆဲဖြစ်သည်ဟု ဆိုသည်။


သမ္မတ ဂျိုးဘိုင်ဒင်သည် ကော်လိုရာဒိုတောမီးအတွက်  ကြီးမားသောသဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြေညာချက် အတည်ပြုခဲ့ကြောင်းကို စနေနေ့က ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်ဟု ဖက်ဒရယ် အရေးပေါ်စီမံခန့်ခွဲရေး ဆိုင်ရာအေဂျင်စီက ပြောကြားသည်။


သမ္မတက ယာယီနေအိမ်များတည်ဆောက်ရန်အတွက် ထောက်ပံ့ကြေးများအပါအဝင် ထိခိုက်နစ်နာသူများ အတွက် ဖက်ဒရယ်ရန်ပုံငွေကိုလုပ်ဆောင်ပေးခဲ့သည်ဟု ၎င်းအေဂျင်စီကဆိုသည်။


ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.