အမေရိကန်၌ ကိုဗစ်-၁၉ နောက်ထပ်ကူးစက်ခံရမှုများ ဆက်လက်မြင့်မား
နယူးယောက် ဇန်နဝါရီ ၂၄
အမေရိကန်ပြည်ထောင်စု၌ ကိုဗစ်-၁၉
နောက်ထပ်ကူးစက်ခံရသူ အရေအတွက် ဆက်လက်မြင့်မားဆဲဖြစ်ပြီး နေ့စဉ်ကူးစက်မှု မှာ ၇၀၀၀၀၀
ကျော် ရှိသည်။
စာသင်ကျောင်းများနှင့် ဆေးရုံများတွင်လည်း
ဝန်ထမ်းအင်အားပြတ်လပ်မှုနှင့် ရင်ဆိုင်နေရသည်။ နေ့စဉ်ကူးစက်မှု များကို တွက်ချက်ထားမှုအရ
မကြာမီရက်များအတွင်း အရေအတွက်မှာ တစ်သန်းကျော်လွန်လာတော့မည်ဟု သိရဿည်။
တစ်ပတ်တာအတွင်း ပျမ်းမျှစာရင်း
ကောက်ယူမှုအရ အမေရိကန်ပြည်ထောင်စု၌ နောက်ထပ်ကူးစက်ခံရသူ ၇၄၀၀၀၀ ရှိပြီး ဆေးရုံတက်ရောက်ကုသရမှု
နှုန်းမှာလည်း ၂၀၀၀၀ အထက်တွင် ရှိနေသည်ဟု ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက
ပြောသည်။
အမေရိကန်တစ်လွှား ကိုဗစ်-၁၉
ကူးစက်မှုများ ဆက်လက်ပျံ့နှံ့နေဦးမည်ဖြစ်ပြီး လာမည့်သီတင်းပတ် လေးပတ်အတွင်း လူပေါင်း
၆၁၀၀၀ ကျော် ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးနိုင်ခြေရှိသည်ဟု အမေရိကန်ရောဂါ ထိန်းချုပ်ရေးနှင့်
ကာကွယ်ရေးစင်တာက ခန့်မှန်းထားသည်။
အင်န်အိတ်ချ်ကေ
No comments