ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများချီးမြှင့်
နေပြည်တော်၊ ဇန်နဝါရီ ၄
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစား ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း(Sports Complex) ရှိ သက်ဆိုင်ရာ အားကစားကွင်း/အားကစားရုံများ၌ ဆက်လက်ကျင်းပသည်။ ပြိုင်ပွဲသို့ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပရေး
ဆပ်ကော်မတီ ဒုဥက္ကဌ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်
အားကစား ဝါသနာရှင်များ
တက်ရောက်ကြည့်ရှုအားပေးကြသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့်အဖွဲ့သည်
ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌
ကျင်းပသည့် ပြေးခုန်ပစ်(အပြေး)
(ကျား/မ)
ပြိုင်ပွဲ၌
အမျိုးသမီး (မီတာ-၁၀၀)
အပြေးပြိုင်ပွဲ၊ အမျိုးသား
(မီတာ-၁၀၀)
အပြေးပြိုင်ပွဲ၊ အမျိုးသမီး
(မီတာ-၂၀၀)
အပြေးပြိုင်ပွဲ၊ အမျိုးသား
(မီတာ-၂၀၀)
အပြေးပြိုင်ပွဲ၊ အမျိုးသမီး
(မီတာ-၄၀၀)
အပြေးပြိုင်ပွဲ၊ အမျိုးသား
(မီတာ-၄၀၀)
အပြေးပြိုင်ပွဲ၊ အမျိုးသမီး
(မီတာ-၈၀၀)
အပြေးပြိုင်ပွဲနှင့် အမျိုးသား
(မီတာ-၈၀၀)
အပြေး
ပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသူများကို ဆုများပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည်
ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌
ကျင်းပသည့် လွန်ဆွဲ(အမျိုးသမီး)
တတိယလုပွဲ
ပွဲစဉ် လွန်ဆွဲ
(အမျိုးသား)
တတိယလုပွဲ
ပွဲစဉ်၊ လွန်ဆွဲ
(အမျိုးသမီး) ဗိုလ်လုပွဲ
ပွဲစဉ်၊ လွန်ဆွဲ(အမျိုးသား)
ဗိုလ်လုပွဲစဉ်တို့ကို ကြည့်ရှု အားပေးပြီး ပထမ၊ ဒုတိယ၊ တတိယ ရရှိကြသော အသင်းများအား ဆုများပေးအပ် ချီးမြှင့်သည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည်
ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌
ကျင်းပသည့် ထုပ်ဆီးတိုး (အမျိုးသမီး)
တတိယလုပွဲ
ပွဲစဉ်၊ ထုပ်ဆီးတိုး
(အမျိုးသမီး) ဗိုလ်လုပွဲ ပွဲစဉ် ယှဉ်ပြိုင်အနိုင်ရရှိမှုများကို
ကြည့်ရှုအားပေးပြီး ဆုရအသင်းများအား ဆုချီးမြှင့်ပေးအပ်သည်။
ထို့နောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပရေးဆပ်ကော်မတီဒုဥက္ကဌ၊
ဒုတိယဝန်ကြီး ဦးမျိုးလှိုင် နှင့်အဖွဲ့သည် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် နေပြည် တော်ရှိ အခြေခံပညာအထက်တန်းကျောင်း
အမှတ်(၆)တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပ လျက်ရှိသော ကျောင်းသား ကျောင်းသူများ၏ ပျော်ပွဲရွှင်ပွဲအဖြစ်
အားကစားပြိုင်ပွဲများ
ယှဉ်ပြိုင်နေမှုနှင့်
ဆုပေးပွဲအခမ်းအနားသို့
တက်ရောက်ကာ ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း
သိရသည်။
(သတင်းစဉ်)
No comments