ကျိုက်မရောမြို့နယ်တွင်  ကရင်နှစ်သစ်ကူးပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပ

 






ကျိုက်မရော ဇန်နဝါရီ   ၃


မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ကရင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ ကြီးမှူးကျင်းပသော ကရင်သက္ကရာဇ် ၂၇၆၁ ခုနှစ် ဇန်နဝါရီ ၂ ရက်တွင် ကျရောက်သော ကရင်ရိုးရာနှစ်သစ်ကူးပွဲတော်ကို ဖာသိမ်ကျေးရွာ နှစ်သစ်ကူးပွဲတော်ကျင်းပရေးကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပကြောင်း သိရသည်။


အဆိုပါကရင်ရိုးရာနှစ်သစ်ကူးပွဲတော်ကို ဇန်နဝါရီ ၂ ရက် နံနက် ၆ နာရီက စတင်ကျင်းပရာ ကရင်တိုင်းရင်းသားလူမျိုးတို့၏ အလံကိုလွှင့်ထူခဲ့ပြီး ကရင်တိုင်းရင်းသားရိုးရာ ကောက်သစ်စားပွဲနှင့် ဖီ့ဗီးယော် ပူဇော်ပွဲကို ကရင်လူမျိုးတို့၏ ရှေးခေတ် ဓလေ့ထုံးတမ်းအစဉ်အလာများနှင့်အညီ ကရင်ရိုးရာ တိုင်းရင်းသားဒုံးယိမ်းအကများဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။


အဆိုပါနှစ်သစ်ကူးရိုးရာပွဲတော် အထိမ်းအမှတ်အဖြစ် ကရင်တိုင်းရင်းသားရိုးရာ ဒုံးယိမ်းပြိုင်ပွဲများ၊ ဝါးညှပ်အက ပြိုင်ပွဲများ၊ အားကစားပြိုင်ပွဲများ၊ ဇာတ်ပွဲများဖြင့် ရိုးရာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။


ချိုမြတ်မြတ်ထွေး(ကျိုက်မရော)

No comments

Powered by Blogger.