blogger-disqus-facebook
  • Home
    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း
    • စီးပွားရေး
    • ဆောင်းပါး
    • အင်တာဗျူး
    • မှုခင်း
    • အားကစား
    • သတင်းစာများ
    • _မြန်မာ့အလင်း
    • _ကြေးမုံ
    • _The Global New Light Of Myanmar
    • English
    Home / အားကစား / မန်ယူအသင်းက တိုက်စစ်မှူး ဟာလန်းကို အပြိုင်အဆိုင် ခေါ်ယူတော့မည်မဟုတ်ဟုဆို

    မန်ယူအသင်းက တိုက်စစ်မှူး ဟာလန်းကို အပြိုင်အဆိုင် ခေါ်ယူတော့မည်မဟုတ်ဟုဆို

    Myanmar Digital News January 22, 2022 0

     

    ဇန်နဝါရီ   ၂၃

    ဒေါ့မွန်အသင်းတိုက်စစ်မှူး ဟာလန်းဟာ နွေရာသီအပြောင်းအရွှေ့ကာလ အတွင်းမှာ စပိန်လာလီဂါကလပ် ရီးယဲလ်မက်ဒရစ်အသင်းဆီသို့ ပြောင်းရွှေ့ကစားရန် ဆန္ဒရှိနေကြောင်း သိရှိထားခဲ့ရပြီးနောက် မန်ယူအသင်းအနေနဲ့ တိုက်စစ်မှူး ဟာလန်းကို အခြားကလပ်အသင်းတွေနဲ့ အပြိုင်အဆိုင်ခေါ်ယူတော့မှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

    အသက် ၂၁ နှစ်အရွယ်ရှိ တိုက်စစ်မှူး ဟာလန်းဟာ အခုနှစ် ဘောလုံးရာသီကုန်မှာ ဂျာမန်ဘွန်ဒက်လီဂါကလပ် ဒေါ့မွန်အသင်းကနေ ထွက်ခွာဖို့ မျှော်လင့်နေသူလည်း ဖြစ်ပါတယ်။ မန်ယူအသင်းဟာ ဆဲလ်ဘတ်အသင်းကနေ ဒေါ့မွန်အသင်းဆီပြောင်းရွှေ့ခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ အပြောင်းအရွှေ့ ကာလကတည်းက ဟာလန်းကို ခေါ်ယူဖို့ ပြင်ဆင်ခဲ့တာဖြစ်ပြီး အဲဒီအချိန်ကလည်း ဟာလန်းကို မခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

    မန်ယူအသင်းဟာ တိုက်စစ်မှူးဟာလန်းကိုခေါ်ယူဖို့ ကာလရှည်ကြာ စောင့်ဆိုင်းခဲ့တာဖြစ်ပေမယ့် နွေရာသီဈေးကွက်အတွင်းမှာ ရီးယဲလ်မက်ဒရစ်အသင်းဆီကို ပြောင်းရွှေ့တော့မှာ ဖြစ်တဲ့အတွက် ဟာလန်းကိုခေါ်ယူမယ့်ကိစ္စကို အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။

    တိုက်စစ်မှူး ဟာလန်းဟာ ဒေါ့မွန်အသင်းနဲ့အတူ နှစ်နှစ်ကြာကာလအတွင်း ပွဲစဉ်စုစုပေါင်း ၇၈ ပွဲမှာ ၇၉ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့တာကြောင့် ရီးယဲလ်မက်ဒရစ်အသင်းဟာ နွေရာသီ အပြောင်းအရွှေ့ ကာလအတွင်းမှာ ဒေါ့မွန်အသင်း တိုက်စစ်မှူး ဟာလန်းကို ခေါ်ယူဖို့ ပိုမိုစိတ်ဝင်စားခဲ့တာ ဖြစ်ပါတယ်။ ဒါ့ပြင် ရီးယဲလ်မက်ဒရစ်အသင်းအနေနဲ့ ဟာလန်းအပြင် ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး အမ်ဘတ်ပီကိုပါ ခေါ်ယူသွားဖို့ ပြင်ဆင်ခဲ့တာဖြစ်ပြီး လက်ရှိမှာ ဟာလန်းကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလည်း ဖြစ်ပါတယ်။

    တိုက်စစ်မှူး စီရိုနယ်လ်ဒိုဟာ လာမယ့်လမှာ အသက် ၃၇ နှစ်ပြည့်တော့မှာဖြစ်သလို တိုက်စစ်မှူး ကာဗာနီကလည်း စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်တဲ့အတွက် အနာဂတ်ရဲ့ ထိပ်တန်းဂိုးသွင်းရှင်တစ်ဦးကို ခေါ်ယူဖို့ မန်ယူအသင်းအနေနဲ့ ပြင်ဆင်နေတာဖြစ်ပါတယ်။

    ငွေကြယ်

    Tags:
    နိုင်ငံတကာသတင်း အားကစား

    အားကစား

    No comments

    Subscribe to: Post Comments ( Atom )

    Blog Archive

    Tags

    Editorial (54) English (19912) The Global New Light Of Myanmar (58) ကျန်းမာရေး (197) ကြေးမုံ (72) ကာတွန်း (166) စီးပွားရေး (2274) ဆောင်းပါး (3083) တွေ့ဆုံမေးမြန်း (71) နိ (1) နိုင်ငံတကာသတင်း (6172) ပညာရေး (189) ပြည်တွင်းသတင်း (29455) မြန်မာ့အလင်း (72) မြေငလျင်သတင်း (81) မှုခင်း (1264) မိုးလေဝသ (4546) ဝတ္ထုတို (65) သဝဏ်လွှာ (1) အင်တာဗျူး (97) အနုပညာရပ်ဝန်း (143) အယ်ဒီတာ့ အာဘော် (708) အားကစား (1132)
  • visitor

    Created By MDN Templates | Distributed By Myanmar Digital News
    Powered by Blogger.