နှစ်သစ်ကူးရုံးပိတ်ရက် ချောင်းသာကမ်းခြေ၌ ယခင်ပုံမှန်ရက်များထက် လာရောက်အပန်းဖြေသူ ပိုမိုစည်ကားများပြား
ချောင်းသာ ဇန်နဝါရီ ၂
ပုသိမ်ခရိုင် ချောင်းသာမြို့ရှိ ချောင်းသာကမ်းခြေတွင် နှစ်သစ်ကူးရုံးပိတ်ရက်ကာလ အပန်းဖြေ လာရောက်သူ ရေကစားသူများဖြင့် ယခင်ပုံမှန်ရက်များထက် ယနေ့နံနက်ပိုင်းက ပိုမိုစည်ကား လျက်ရှိသည်။
“ဒီနေ့ မနက်အစောပိုင်း ကတည်းက ဈေးရောင်းကောင်း ပါတယ်။ ဟိုတယ်၊ တည်းခိုခန်းတွေလည်း ဧည့်သည်ပြည့်လို့ ရွာထဲလည်း တည်းကြတယ်လို့ ကြားတယ်။ ကမ်းခြေမှာ ဒီနေ့ဆို နေ့လယ်လောက်ထိ ရေကူးသူတွေ ပြည့်နေပါတယ်” ဟု ကမ်းခြေအမှီပြု ဈေးရောင်းချသူ တစ်ဦးထံမှ သိရသည်။
ကမ်းခြေသို့ လာရောက်သူများ အေးချမ်းပျော်ရွှင်စွာ အနားယူအပန်းဖြေရန်နှင့် ကမ်းခြေသာယာ လှပစေရန်အတွက် မြို့အုပ်ချုပ်ရေးမှူးရုံးနှင့် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ မြို့စည်ပင် သာယာရေးအဖွဲ့၊ ပြန်/ဆက်၊ နယ်မြေခံတပ်/ ရဲများ၊ မီးသတ် ဝန်ထမ်းများပါဝင်သည့် ကမ်းခြေ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ကမ်းခြေတွင် ဈေးရောင်းချနေသော ဈေးသည်များအား ဈေးဆိုင် နေရာများကို သတ်မှတ်နေရာများ စနစ်တကျခင်းကျင်းရောင်းချရန်၊ စွန့်ပစ်သည့်အမှိုက်များကို စနစ် တကျ စွန့်ပစ်ရန်နှင့် ကမ်းခြေ သို့ လာရောက်လည်ပတ်ကြသည့် ခရီးသွားဧည့်သည်များ အေးချမ်းပျော်ရွှင်စွာနားနေ အပန်းဖြေနိုင်ရန်အတွက်တို့ကို ကွင်းဆင်းကြပ်မတ် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
ကျော်ကျော်(ပြန်/ဆက်)
No comments