ဒက္ခိဏသီရိမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပ
နေပြည်တော် ဇန်နဝါရီ
၄
ပြည်ထောင်စုနယ်မြေ နေပြည်တော်
ဒက္ခိဏသီရိမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို ဒက္ခိဏသီရိမြို့နယ်
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဇန်နဝါရီ ၄ ရက် နံနက် ၄ နာရီ ၂၀ မိနစ်က ကျင်းပသည်။
ဆက်လက်၍ ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့
ပေးပို့သည့်သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထက်အောင်ဖြိုးက ဖတ်ကြားသည်။
အခမ်းအနားအပြီးတွင် တက်ရောက်လာကြသူများအား
ဒက္ခိဏခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ
ထုတ်ဝေသည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် “သတင်းစကား”လက်ကမ်းစာစောင်များကို
အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)
No comments