ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးများ တပ်မတော်လေယာဉ်ဖြင့် သယ်ယူရောက်ရှိ
စစ်တွေ ဇန်နဝါရီ ၄
ရခိုင်ပြည်နယ်၊
စစ်တွေမြို့သို့ ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေးများကို ဇန်နဝါရီ ၃ ရက် နံနက်ပိုင်းက တပ်မတော်လေယာဉ်ဖြင့်
သယ်ယူရောက်ရှိလာကြောင်း သိရသည်။
ရန်ကုန်မြို့
မင်းဓမ္မလမ်းရှိ တိုးချဲ့ကာကွယ်ဆေးသိုလှောင်ခန်းတွင်ထားရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး
Covidshield နှင့် Sinopharm များကို စံချိန်စံညွှန်းများအတိုင်း တိုင်းဒေသကြီးနှင့်
ပြည်နယ်အသီးသီးသို့ တပ်မတော်လေယာဉ်များ၊ Cold Chain Delivery Logistics မော်တော် ယာဉ်ကြီးများဖြင့်
ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့
ဖြန့်ဖြူးပေးလျက်ရှိရာ ဇန်နဝါရီ ၃ ရက် နံနက်ပိုင်းတွင် စစ်တွေမြို့သို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး၊
ဆေးတစ်လုံးလျှင် လူဦးရေ ၅ ဦး ထိုးနိုင်သည့် Sinopharm အလုံးအရေအတွက် ၇၃၈ လုံး၊ ကိုဗစ်
- ၁၉ ရောဂါကာကွယ်ဆေးတစ်လုံးလျှင် ၁၀ ဦး ထိုးနိုင်သည့် Covidshield ၁၄၆၈၂ လုံး တို့အား
တပ်မတော်လေယာဉ်ဖြင့် သယ်ယူရောက်ရှိလာရာ တာဝန်ရှိသူများက လက်ခံယူကြောင်းနှင့် ရခိုင်ပြည်နယ်အတွင်း
အခြားမြို့နယ်အသီးသီးသို့ ဆက်လက်ဖြန့်ဝေပေး သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ
ပေးပို့ဖြန့်ဖြူးပေးသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဦးတည်အုပ်စုလူဦးရေ ဦးစားပေးအစီအစဉ်များနှင့်အညီ
ပြည်သူများသို့ အမြန်ဆုံးထိုးနှံပေးနိုင်ရေးအတွက် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)
No comments