အမ်းမြို့နယ်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ စည်ကားသိုက်မြိုက်စွာကျင်းပ
အမ်း
ဇန်နဝါရီ
၄
ရခိုင်ပြည်နယ်
အမ်းမြို့နယ်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကိုယ်လက်လှုပ်ရှား အားကစားပြိုင်ပွဲများကို
ယနေ့ နံနက် ၆ နာရီကစတင်၍ စည်ကားသိုက် မြိုက်စွာ ကျင်းပကြောင်း
သိရသည်။
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်
ကိုယ်လက်လှုပ်ရှားအားကစားပြိုင်ပွဲများကို မြို့နယ် အားကစားကော်မတီနှင့်
အမ်းလူမှုဖွံ့ဖြိုးရေးအဖွဲ့တို့က ဦးဆောင်၍ လေယာဉ်ကွင်းရပ်ကွက် စာရုတောင် ဘုရားမှ အမှတ်(၃)ဈေးရပ်ကွက် ဘောလုံးကွင်းထိ မာရသွန်အပြေးပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်း၊
အပြေးပြိုင်ပွဲ မီတာ(၅၀၊ ၁၀၀)၊ ခြေပူးအပြေးပြိုင်ပွဲ၊ ဂုန်နီအိတ်စွပ် အပြေးပြိုင်ပွဲ၊ ကွမ်းသီးကောက်၊ လွန်ဆွဲပွဲနှင့်
အခြားအားကစားနည်းများကို စည်ကားသိုက်မြိုက်စွာကျင်းပရာ ကျောင်းသား ကျောင်းသူများ၊ အားကစားဝါသနာရှင်များက
ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုများကို ချီးမြှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်
No comments