အာရှဖလား အမျိုးသမီးပြိုင်ပွဲ အုပ်စုပွဲများ ဆက်လက်ကျင်းပ မြန်မာနှင့် တောင်ကိုရီးယားအသင်းတို့ တွေ့ဆုံ
ရန်ကုန် ဇန်နဝါရီ ၂၄
အိန္ဒိယနိုင်ငံရှိ မြို့ကြီးသုံးမြို့၌
ပြုလုပ်လျက်ရှိသည့် ၂၀၂၂ အာရှဖလားအမျိုးသမီးပြိုင်ပွဲ အုပ်စုပွဲစဉ် များကို ယနေ့ ဆက်လက်ကျင်းပမည်ဖြစ်ပြီး
မြန်မာနှင့် တောင်ကိုရီးယားအသင်းတို့ တွေ့ဆုံနေသည်။
ယနေ့အုပ်စုပွဲစဉ်များအဖြစ်
အုပ်စု (ခ) နှင့် (ဂ) ဒုတိယနေ့ပွဲစဉ် များ ကျင်းပမည်ဖြစ်ပြီး စုစုပေါင်းလေးပွဲ ပြုလုပ်သွားမည်ဖြစ်သည်။
အုပ်စုဒုတိယနေ့အဖြစ် ယနေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲတွင် မြန်မာနှင့် တောင်ကိုရီးယားအသင်းတို့
ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ပေးဂိုးနည်းရန် အဓိကကြိုးပမ်းရမည်
မြန်မာအသင်းအနေဖြင့် အာရှထိပ်သီးအသင်းဖြစ်သော
တောင်ကိုရီးယားအသင်းကို ခြေရည်တူကစား နိုင်ရန် ခက်ခဲနိုင်ပြီး ပေးဂိုးနည်းရန် အဓိကကြိုးပမ်းရမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းတွင် နည်းပြအဖွဲ့ဝင်အချို့ ကိုဗစ်ကူးစက်ခံထားရသဖြင့်
တောင်ကိုရီးယားနှင့်ပွဲတွင် ထပ်မံ လွဲချော်မည်ဖြစ်သည်။
မြန်မာအသင်းနှင့် တောင်ကိုရီးယားအသင်းသည်
အာရှဖလား အမျိုးသမီးပြိုင်ပွဲ နောက်ဆုံးအဆင့်တွင် တတိယအကြိမ် တွေ့ဆုံခြင်းဖြစ်ပြီး
ပြီးခဲ့သည့်နှစ်ကြိမ်စလုံး တောင်ကိုရီးယားအသင်းက အနိုင်ရထား သည်။ တောင်ကိုရီးယားအသင်းသည်
၂၀၀၆ ပြိုင်ပွဲ အုပ်စုအဆင့်တွင် သုံးဂိုး-တစ်ဂိုး၊ ၂၀၁၄ ပြိုင်ပွဲ အုပ်စုအဆင့်တွင်
၁၂ ဂိုး - ဂိုးမရှိတို့ဖြင့် အနိုင်ရထားခြင်းဖြစ်သည်။
အခြားပွဲစဉ်များ အခြားပွဲစဉ်များအဖြစ်
မြန်မာစံတော်ချိန် ညနေ ၄ နာရီခွဲတွင် ဖိလစ်ပိုင်နှင့် သြစတြေးလျ၊ မြန်မာစံတော်ချိန်
ညနေ ၆ နာရီခွဲတွင် အင်ဒိုနီးရှားနှင့် ထိုင်း၊ မြန်မာစံတော်ချိန် ည ၈ နာရီခွဲတွင် လက်ရှိချန်ပီယံ
ဂျပန်နှင့် ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ဇန်နဝါရီ ၂၁ ရက်က ယှဉ်ပြိုင်ကစားသည့်
အုပ်စု (ခ) ပထမနေ့တွင် သြစတြေးလျက အင်ဒိုနီးရှားကို ၁၈ ဂိုး - ဂိုးမရှိ၊ ဖိလစ်ပိုင်က
ထိုင်းကို တစ်ဂိုး - ဂိုးမရှိ၊ အုပ်စု (ဂ) ပထမနေ့တွင် ဂျပန်က မြန်မာကို ငါးဂိုး-ဂိုးမရှိ၊
တောင်ကိုရီးယားက ဗီယက်နမ်ကို သုံးဂိုး - ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။
ရဲရင့်လွင်
No comments