တူရကီနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၉ ဒသမ ၅ သန်းကျော် ရှိလာ
အန်ကာရာ ဇန်နဝါရီ ၃
တူရကီနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း
ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၆၇၃၁ ဦး ထပ်မံတွေ့ရှိခြင်းကြောင့် နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉
ရောဂါ ကူးစက်ခံရသူပေါင်း ၉၅၁၉၂၈၁ ဦးရှိလာကြောင်း တူရကီနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနက
ယနေ့တွင် ပြောကြားသည်။
တူရကီနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်
အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၁၄၅ ဦး ထပ်မံတွေ့ရှိသဖြင့် အဆိုပါ ရောဂါကြောင့်
သေဆုံးသူပေါင်း ၈၂၅၀၆ ဦး ရှိလာကြောင်းနှင့် ရောဂါမှ ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံအသီးသီးမှ
ဆင်းခွင့်ရရှိသူ ၂၃၃၂၅ ဦး ရှိကြောင်း
သိရသည်။
ကာကွယ်ဆေးထိုးနှံမှု စတင်တူရကီနိုင်ငံသည်
တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို နိုင်ငံအတွင်း အရေးပေါ်အသုံးပြုရန်
တူရကီကျန်းမာရေးအာဏာပိုင်များက အတည်ပြုပေးခဲ့ပြီးနောက် နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ
ကာကွယ်ဆေးထိုးနှံမှု အစီအစဉ်ကို ဇန်နဝါရီ ၁၄ ရက်တွင် စတင်ခဲ့သည်။
လက်ရှိတွင် တူရကီနိုင်ငံ၌
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတစ်ကြိမ်ထိုးနှံပြီးသူ စုစုပေါင်း ၅၆ ဒသမ ၉၂ သန်းကျော် ရှိကြောင်း၊
ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံ ပြီးသူစုစုပေါင်း ၅၁ ဒသမ ၆၂ သန်းကျော် ရှိကြောင်းနှင့် ကိုဗစ်-၁၉
ရောဂါ ကာကွယ်ဆေးအလုံးရေ စုစုပေါင်း ၁၃၁ ဒသမ ၉၃ သန်းကျော် အသုံးပြုပြီးဖြစ်ကြောင်း တူရကီ
ကျန်းမာရေးဝန်ကြီးဌာန က ပြောကြားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်
No comments