(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အလံတင်အခမ်းအနားနှင့် လွတ်လပ်ရေး နေ့ သဝဏ်လွှာဖတ်ကြားပွဲကျင်းပ
လှိုင်းဘွဲ
ဇန်နဝါရီ ၄
ကရင်ပြည်နယ်၊
ဘားအံခရိုင်၊လှိုင်းဘွဲမြို့(က)ရပ်ကွက်၊ သံတံတားနဘေးရှိ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ကျောက်တိုင်ကွင်း၌
ယနေ့ နံနက် ၄ နာရီ မိနစ် ၂၀ တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အလံတင်အခမ်းအနားကို
ကျင်းပသည်။
လွတ်လပ်ရေးနေ့
အလံတင်အခမ်းအနားကို လှိုင်းဘွဲမြို့နယ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြို့နယ်ရဲမှူး ထွန်းသိန်းဦးစီးသော
ဂုဏ်ပြုရဲတပ်ဖွဲ့မှ အလံတင်အခမ်းအနားကို ဆောင်ရွက်ပေးပြီး နိုင်ငံတော်အလံအား မြိုနယ်အုပ်ချုပ်ရေးမှူးနှင့်
ဌာနဆိုင်ရာတာဝန်ခံများ၊ မြို့မိ မြို့ဖများ တက်ရောက်အလေးပြုခဲ့ကြသည်။
ထို့နောက်
လှိုင်းဘွဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး
ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သော
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့သဝဏ်လွှာအား
မြို့နယ်အုပ်ချုပ်ရေးမှူး
ဦးဝင်းသန်းက ဖတ်ကြားသည်။ လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့၊
မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင် များနှင့် လူမှုကူညီရေးအသင်းမှ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း
သိရသည်။
လင်းသန့်(ပြန်/ဆက်)
No comments