မန်ကန်မြို့၌ အသက်(၁၂)နှင့် အသက်(၁၈)နှစ်ကြားရှိ ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinovac) ဒုတိယအကြိမ် ထိုးနှံပေး
မန်ကန် ဇန်နဝါရီ ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မန်ကန်မြို့၌ အသက်(၁၂)နှင့် အသက် (၁၈)နှစ်ကြားရှိ ကျောင်းသား၊ ကျောင်းသူများအား မန်ကန်မြို့ အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာ အလယ်တန်းခွဲညက်ကာကျောင်းတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinovac) ဒုတိယအကြိမ်ကို ဇန်နဝါရီ ၁ ရက်က ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် ပထမအကြိမ် ထိုးနှံထားပြီးဖြစ်သည့် အသက်(၁၂)နှစ်နှင့်အသက် (၁၈)နှစ်ကြားရှိ ကျောင်းသား၊ ကျောင်းသူများနှင့် အသက်(၁၈)နှစ်အထက် ဒေသခံပြည်သူများကိုလည်း ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ထပ်မံထိုးပေးသွားမည်ဟု ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှ ဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်မင်းထွန်းက ပြောသည်။
ကိုဗစ်-၁၉ ကာကွယ်ဆေးကို မန်ကန်မြို့အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာ အလယ်တန်းခွဲ ညက်ကာကျောင်းမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၇၆)ဦးတို့အား ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinovac) ဒုတိယအကြိမ် ထိုးနှံပေးခဲ့ပြီး မထိုးနှံမီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ဓာတ်မတည့်သည့်ဆေး ရှိ/မရှိနှင့် သွေးမတိတ်ရောကဂါ ရှိ/မရှိ မေးမြန်းပြီးမှသာ မန်ကန်မြို့ ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကာကွယ်ဆေးကို စနစ်တကျ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မန်ကန် (ပြန်/ဆက်)
No comments