ပထမအကြိမ်ရေကြောင်းတိုင်းတာရေးဆိုင်ရာ ပူးတွဲကော်မတီအစည်းအဝေး တက်ရောက်ရန် အိန္ဒိယရေတပ်မှ ရေကြောင်းတိုင်းတာရေးအကြီးအကဲ Vice Admiral Adhir Arora နှင့်ဇနီးတို့ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ရောက်ရှိ

 


နေပြည်တော် ဇန်နဝါရီ ၅

မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ် မည့် ပထမအကြိမ် ရေကြောင်း တိုင်းတာရေးဆိုင်ရာ ပူးတွဲကော်မတီ အစည်းအဝေး (1st Joint Committee MeetingJCM) သို့ တက်ရောက်ရန်အတွက် အိန္ဒိယရေတပ်မှ ရေကြောင်းတိုင်းတာရေးဆိုင်ရာ အကြီးအကဲ ဖြစ်သူ Vice Admiral Adhir Arora နှင့်ဇနီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိလာရာ တပ်မတော် (ရေ)မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယရေတပ် စစ်သံမှူးနှင့် တာဝန်ရှိသူများ က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကြိုဆိုနှုတ်ဆက် ကြသည်။

အဆိုပါကိုယ်စားလှယ်အဖွဲ့ သည် မြန်မာနိုင်ငံတွင် ဇန်နဝါရီလ ၈ ရက်အထိ ငါးရက်ကြာ နေထိုင်၍ ပူးတွဲကော်မတီ အစည်းအဝေးသို့ တက်ရောက်ခြင်းနှင့် ရန်ကုန်မြို့ရှိ အထင်ကရနေရာများသို့ လေ့လာလည်ပတ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments

Powered by Blogger.