ပီအက်စ်ဂျီအမျိုးသမီးအသင်း အမျိုးသမီးချန်ပီယံလိဂ်ဆီမီးဖိုင်နယ် တက်လှမ်း
ပီအက်စ်ဂျီအမျိုးသမီးအသင်းနဲ့
ဘိုင်ယန်မြူးနစ် အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ အမျိုးသမီး ချန်ပီယံလိဂ်
ကွာတားဖိုင်နယ်အဆင့်မှာ ပီအက်စ်ဂျီအသင်းက ဘိုင်ယန်မြူးနစ်အသင်းကို နှစ်ကျော့ပေါင်းရလဒ်
လေးဂိုး-သုံးဂိုးနဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းခွင့်ရရှိခဲ့ပြီ ဖြစ်ပါတယ်။
မတ် ၃၀ ရက်ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့
ပီအက်စ်ဂျီအမျိုးသမီးအသင်းနဲ့ ဘိုင်ယန်မြူးနစ် အမျိုးသမီး အသင်းတို့ရဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်
ဒုတိယအကျော့မှာ တစ်ဖက်နှစ်ဂိုးစီ သရေရလဒ် ထွက်ပေါ် ခဲ့ပေမယ့် ပထမအကျော့မှာ ပီအက်စ်ဂျီအမျိုးသမီးအသင်းက
နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိထား တာကြောင့် ပီအက်စ်ဂျီအမျိုးသမီးအသင်းဟာ ဆီမီးဖိုင်နယ်အဆင့်ကို
တက်လှမ်းခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။
ပီအက်စ်ဂျီအမျိုးသမီးအသင်းဟာ
အမျိုးသမီး ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်မှာ လိုင်ယွန်အသင်း ဒါမှမဟုတ် ဂျူဗင်တပ်အသင်းနဲ့
ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
အခြားသော ကွာတားဖိုင်နယ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့
ဘာစီလိုနာအမျိုးသမီးအသင်းနဲ့ ရီးယဲလ်မက်ဒရစ် အမျိုးသမီးအသင်းတို့ပွဲစဉ်မှာ ဘာစီလိုနာအသင်းက
နှစ်ကျော့ပေါင်းရလဒ် ရှစ်ဂိုး-သုံးဂိုးနဲ့ အနိုင်ရရှိပြီး အမျိုးသမီးချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်ကို
တက်လှမ်းခွင့်ရရှိခဲ့ပါတယ်။
လက်ရှိအမျိုးသမီးချန်ပီယံလိဂ်
ချန်ပီယံအသင်းဖြစ်တဲ့ ဘာစီလိုနာအမျိုးသမီးအသင်းဟာ ဆီမီးဖိုင်နယ် အဆင့်မှာ အာဆင်နယ်အသင်း
ဒါမှမဟုတ် ဝုလ်ဖ်ဘတ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာလည်း ဖြစ်ပါ တယ်။
ငွေကြယ်

No comments